တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

     

တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှု များဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံ တကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်း မျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ပဲခူးတိုင်းဒေသကြီး၊ မင်းလှ မြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့မှ လမ်းသွားလမ်းလာပြည်သူများကို စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးနေဟူသည့်သတင်းနှင့်ပတ်သက်၍ အဆိုပါမြို့နယ်များတွင် အကြမ်းဖက်သမားများ ဝင်ရောက်လှုပ်ရှားမှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ ဝင်များအနေဖြင့် နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်း၊ လှည့်ကင်းပတ်ကင်းများ ဆောင်ရွက်ခြင်းသာရှိပြီး လမ်းသွားလမ်းလာပြည်သူများအား ဖမ်းဆီးခေါ်ဆောင် ခြင်းမရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ ယနေ့ခေတ်မှ တင်ထားသော အကျဉ်းထောင်အသီးသီး၌ အကျဉ်းကျခံနေကြရသော အကျဉ်းသား/အကျဉ်းသူများအား နိုင်ငံတော်၏ လွတ် ငြိမ်းချမ်းသာခွင့်တွင် ပါဝင်နိုင်ရန် ငွေကြေးပေးရမည်ဟူသောသတင်းသည် မဟုတ် မမှန်သတင်းအတုသာဖြစ်ပြီး အကျဉ်းသားများစိစစ်ရေးအဖွဲ့က ပြစ်ဒဏ်လွတ် ငြိမ်းခွင့်၊ လွတ်ငြိမ်းချမ်းသာခွင့်၊ လွတ်ငြိမ်းသက်သာခွင့်ပေးနိုင်ရေးအတွက် မည် သည့်အဖွဲ့အစည်း၊ မည်သည့်လူပုဂ္ဂိုလ်တို့၏ ပယောဂများ၊ တိုက်တွန်းချက်များ ကြောင့်မဟုတ်ဘဲ ဘက်လိုက်မှုကင်းသော မူဝါဒများနှင့်အညီ လွှတ်ပေးသင့်၊ လွှတ်ပေးထိုက်သူများကိုသာ စိစစ်ရွေးချယ်ဆောင်ရွက်ခြင်းသာရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော မြင်းခြံမြို့နယ်၊ ရသာကျေးရွာမှ ပြည်သူ ၃ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့သည့်အပြင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အဆိုပါကျေးရွာအနီး PDF အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၎င်းတို့ဘက်မှ ၂ ဦးသေဆုံးခဲ့သဖြင့် ဆုတ်ခွာ ထွက်ပြေးစဉ် လမ်းတစ်လျှောက်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရ။

တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလား သူများက မိဘပြည်သူများ၊ လူငယ်လူရွယ်များကို စိုးရိမ်ထိတ်လန့်စေရန်အတွက် လုံခြုံ ရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများက စစ်မှုထမ်းရန် ပေါ်တာဆွဲခြင်း၊ လမ်းသွားလမ်းလာများကို ဖမ်းဆီးခြင်းစသည့် ကောလာဟလသတင်းအမှားများဖြင့် ဝါဒဖြန့်လှုံ့ဆော်နေခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၄-၂၀၂၄)

  • မင်းလှမြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့မှ လမ်းသွားလမ်းလာပြည်သူများကို စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးနေဟူသည့်သတင်းနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်း၊ လှည့်ကင်းပတ်ကင်းများ ဆောင်ရွက်ခြင်းသာရှိပြီး လမ်းသွားလမ်းလာပြည်သူများအား ဖမ်းဆီးခေါ်ဆောင်ခြင်းမရှိကြောင်း သိရှိရ။
  • အကျဉ်းထောင်အသီးသီး၌ အကျဉ်းကျခံနေကြရသော အကျဉ်းသား/အကျဉ်းသူ များအား နိုင်ငံတော်၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်နိုင်ရန် ငွေကြေးပေးရမည် ဟူသောသတင်းသည် မဟုတ်မမှန်သတင်းအတုသာဖြစ်။
  • မြင်းခြံမြို့နယ်၊ ရသာကျေးရွာမှ ပြည်သူ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်သတ် ခဲ့သည့်အပြင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်း အမှားဖြစ်၊ သတင်းအမှန်မှာ PDF အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၎င်းတို့ဘက်မှ ဦးသေဆုံးခဲ့သဖြင့် ဆုတ်ခွာထွက် ပြေးစဉ် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့။

Add new comment