၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတစ်ဝန်း၌ ဘေးအန္တရာယ်ဖြစ်ပွားမှု ၁၈၅၇ ကြိမ်ရှိပြီး ငွေကျပ် ၃ ဒသမ ၂၈၉ ဘီလီယံကျော် ပံ့ပိုးပေးနိုင်ခဲ့

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတစ်ဝှမ်း၌ လေပြင်းဘေး ၆၅၃ ကြိမ် အပါအဝင် ဘေးအန္တရာယ်ဖြစ်ပွားမှု စုစုပေါင်း အကြိမ်ရေ ၁၈၅၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ဘာသာရေး အဆောက်အအုံ ၁၁၀၀၀ ကျော်၊ အိမ်ခြေပေါင်း ၂၄၀၀၀ ကျော် ထိခိုက် ပျက်စီးကာ အိမ်ထောင်စုပေါင်း ၆၈၀၀၀ ကျော် ဘေးအန္တရာယ်ဖြစ်ပွားခဲ့ပြီး နိုင်ငံတော်မှ ငွေကျပ်   ၃ ဒသမ ၂၈၉ ဘီလီယံကျော် ပံ့ပိုးကူညီပေးခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရှိရပါသည်။

အဆိုပါဘေးအန္တရာယ်ဖြစ်ပွားခြင်းများအတွက် ပံ့ပိုးကူညီမှုများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာနမှတစ်ဆင့် ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး သဘာဝဘေးအန္တရာယ် ဖြစ်ပွားနိုင်ခြေများသော အရပ်ဒေသများ၌လည်း ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါ သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မတ်လ ၂၅ ရက်အထိ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ပြိုကျပျက်စီးသော အိမ် ၁၇၄ လုံးနှင့် ဘေးသင့်လူဦးရေ ၇၂၁ ဦးရှိခဲ့ကာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပံ့ပိုးကူညီမှု များ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၄-၂၀၂၄)

  • ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတစ်ဝှမ်း၌ လေပြင်းဘေး ၆၅၃ ကြိမ် အပါအဝင် ဘေးအန္တရာယ်ဖြစ်ပွားမှု စုစုပေါင်း အကြိမ်ရေ ၁၈၅၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ဘာသာရေး အဆောက်အအုံ ၁၁၀၀၀ ကျော်၊ အိမ်ခြေပေါင်း ၂၄၀၀၀ ကျော် ထိခိုက် ပျက်စီးကာ အိမ်ထောင်စုပေါင်း ၆၈၀၀၀ ကျော် ဘေးအန္တရာယ်ဖြစ်ပွားခဲ့ပြီး နိုင်ငံတော်မှ ငွေကျပ်   ၃ ဒသမ ၂၈၉ ဘီလီယံကျော် ပံ့ပိုးကူညီပေးခဲ့။

Add new comment