ပြည်ထောင်စုဝန်ကြီးများ ဥရောပအာရှ စီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာ ဆာဂေးဂလေးဇီးယပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အသီးသီးလက်ခံတွေ့ဆုံ

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်တို့သည် ဧပြီလ ၈ ရက်တွင် ဥရောပအာရှ စီးပွားရေး ကော်မရှင်ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာ ဆာ ဂေးဂလေးဇီးယပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား သက်ဆိုင်ရာဝန်ကြီးဌာန တို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

  • ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ဘဏ္ဍာရေးနှင့် အကောက်ခွန် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်ရေးနှင့် ငွေပေးချေမှုဆိုင်ရာကိစ္စရပ် များနှင့် လူ့စွမ်းအားအရင်းအမြစ် တိုးတက်လာရေးအတွက် သင်တန်းများနှင့် ဆွေးနွေးပွဲများ ကျင်းပပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့။
  • ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတို့အကြား ကုန်သွယ် ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးလုပ်ငန်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်သူအချင်းချင်းထိတွေ့ ဆက်ဆံရေးစသည်တို့တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့။
  • ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံအစိုးရနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်တို့ အကြား လက်မှတ်ရေးထိုးထားသည့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချွန်လွှာ အကောင်အထည်ဖော်ရေးနှင့် စာချွန်လွှာပါ ဦးစားပေးပူးပေါင်းဆောင်ရွက်မှု နယ် ပယ်များတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
  • စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံစဉ် ရုရှားနိုင်ငံမှ ထုတ်လုပ်သည့်ဓာတ်မြေသြဇာများကို မြန်မာနိုင်ငံသို့ တိုက်ရိုက်တင်ပို့နိုင်ရေး၊ Myanmar GAP ထုတ်ကုန်တစ်ခုဖြစ်သည့် ကော်ဖီကို (EAEU)နိုင်ငံများသို့ တင်ပို့ရောင်းချပေးနိုင်ရေး၊ ဆီထွက်သီးနှံနှင့် ဝါသီးနှံ မျိုး ကောင်းများအသုံးပြုနိုင်ရေး၊ သဘာ၀မြေသြဇာထုတ်လုပ်မှုနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်ရေး၊ အာလူးမျိုးကောင်းမျိုးသန့်ထုတ်လုပ်မှု နည်းပညာ မျှဝေဖလှယ် ဆောင်ရွက်သွားမည့်အခြေအနေများ၊   မြန်မာနိုင်ငံ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှင့်နည်းပညာပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့။
  • ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံစဉ် ဥရောပအာရှစီးပွားရေးကော်မရှင်နှင့် ကော်မရှင်တွင် ပါရှိသောနိုင်ငံများမှ စီးပွားရေး လုပ်ငန်းရှင်များ မြန်မာနိုင်ငံရှိ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၌ လာရောက်ရင်းနှီးမြှုပ် နှံနိုင်ရေး၊ ပင်လယ်ကမ်းရိုးတန်းနှင့်စပ်လျဉ်းသော ခရီးသွားလုပ်ငန်းများ၊ အားကစား နှင့်စွန့်စားခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင်ရေး၊ ကော်မရှင်ပါနိုင်ငံများမှ ခရီး သွားဧည့်သည်များ မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများသို့ အဆင်ပြေလွယ်ကူချောမွေ့ စွာ လာရောက်လည်ပတ်နိုင်ရေးဆိုင်ရာကိစ္စ၊ ဒစ်ဂျစ်တယ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စ၊ ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့် လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့။

ဆွေးနွေးပွဲအသီးသီးသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။  

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၄-၂၀၂၄)

  • ပြည်ထောင်စုဝန်ကြီးများ ဥရောပအာရှ စီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဝင်၊ အကြီး စားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာဆာဂေးဂလေးဇီးယပ် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့အား အသီးသီးလက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံနှင့် ဥရောပ အာရှစီးပွားရေးသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတို့အကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးလုပ်ငန်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်သူအချင်းချင်းထိ တွေ့ဆက်ဆံရေး၊ သဘာ၀မြေသြဇာထုတ်လုပ်မှုနှင့် နည်းပညာပူးပေါင်းဆောင် ရွက်ရေး၊ ဒစ်ဂျစ်တယ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဈေးကွက်မြှင့်တင် ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့။

Add new comment