နေပြည်တော်ကောင်စီနယ်မြေရှိ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄) မှ သင်တန်းသားများအား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သွားရောက်တွေ့ဆုံအားပေး

နေပြည်တော်ကောင်စီနယ်မြေတွင်ဖွင့်လှစ်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄) မှ သင်တန်းသားများအား ဧပြီလ ၈ ရက်တွင် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ရုပ်ရှင်သရုပ်ဆောင် များက သွားရောက်တွေ့ဆုံအားပေးခဲ့ကြပါသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နိုင်ငံသားတိုင်းသည် မိမိနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ပေးရမည့်တာဝန်မှာ မွေးရာပါတာဝန်တစ်ရပ် ဖြစ်သည်ဟု ခံယူကြရန်လိုအပ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းတပ်ဖွဲ့ဝင်တစ်ဦးရရှိမည့် အကျိုးကျေးဇူးများအနေဖြင့် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်အညီ ရာထူးအဆင့်အလိုက် လစာနှင့် အခြားခံစားခွင့်များရရှိမည့်အပြင် စစ်မှုထမ်းကာလနှစ်နှစ် ထာဝန်ထမ်းဆောင်ပြီးပါကလည်း နိုင်ငံတော်နှင့်ပြည်သူများ ကအားကိုးရပြီး ဂုဏ်သိက္ခာရှိသည့် နိုင်ငံသားများအဖြစ် ဆက်လက်ရပ်တည်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက နေပြည်တော်ကောင်စီ အနေဖြင့် မြို့နယ်ရှစ်မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ နေထိုင်ကြသည့် နိုင်ငံသားများအနက် ပြည်သူ့စစ်မှုထမ်းရန် ကိုယ်တိုင်ဆန္ဒပြုသူများအား လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသားများအနေဖြင့် အမိန့်နာခံတတ်ရန်၊ မိမိနိုင်ငံနှင့်လူမျိုးအပေါ်၊ မိမိအဖွဲ့အစည်းအပေါ် သစ္စာရှိရန်လိုအပ်ကြောင်း၊ ချမှတ်ထားသည့်ဥပဒေနှင့်စည်း မျဉ်း၊ စည်းကမ်းများကို လိုက်နာရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့သည် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပြည်သူ့ စစ်မှုထမ်းတပ်ဖွဲ့ဝင်များအတွက် လိုအပ်သည့်အသုံးအဆောင်ပစ္စည်းများနှင့် ထောက်ပံ့ ငွေများနှင့် အမှတ်စဉ် (၁/၂၀၂၄) မှ သင်တန်းသားများအတွက် MRTV DTH စလောင်းနှစ်စုံနှင့် MRTV DVB-T2 Set Top Box ၃၀ တို့ကို ကံစမ်းမဲဖောက်၍ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၄-၂၀၂၄)

 

 

  • ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်တိုင်းစစ်ဌာန ချုပ်တိုင်းမှူးတို့သည် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပြည်သူ့စစ်မှုထမ်း တပ်ဖွဲ့ဝင်များအတွက် လိုအပ်သည့်အသုံးအဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေ များနှင့် အမှတ်စဉ် (၁/၂၀၂၄) မှ သင်တန်းသားများအတွက် MRTV DTH စလောင်းနှစ်စုံနှင့် MRTV DVB-T2 Set Top Box ၃၀ တို့ကို ကံစမ်းမဲဖောက်၍ ပေးအပ်ခဲ့။

 

Add new comment