တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

         

တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှု များဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံ တကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်း မျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ပဲခူးတိုင်းဒေသကြီး၊ မင်းလှ မြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့မှ လမ်းသွားလမ်းလာပြည်သူများကို စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးနေဟူသည့်သတင်းနှင့်ပတ်သက်၍ အဆိုပါမြို့နယ်များတွင် အကြမ်းဖက်သမားများ ဝင်ရောက်လှုပ်ရှားမှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ ဝင်များအနေဖြင့် နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်း၊ လှည့်ကင်းပတ်ကင်းများ ဆောင်ရွက်ခြင်းသာရှိပြီး လမ်းသွားလမ်းလာပြည်သူများအား ဖမ်းဆီးခေါ်ဆောင် ခြင်းမရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ ယနေ့ခေတ်မှ တင်ထားသော အကျဉ်းထောင်အသီးသီး၌ အကျဉ်းကျခံနေကြရသော အကျဉ်းသား/အကျဉ်းသူများအား နိုင်ငံတော်၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်နိုင်ရန် ငွေကြေးပေးရမည်ဟူသောသတင်းသည် မဟုတ် မမှန်သတင်းအတုသာဖြစ်ပြီး အကျဉ်းသားများစိစစ်ရေးအဖွဲ့က ပြစ်ဒဏ်လွတ် ငြိမ်းခွင့်၊ လွတ်ငြိမ်းချမ်းသာခွင့်၊ လွတ်ငြိမ်းသက်သာခွင့်ပေးနိုင်ရေးအတွက် မည် သည့်အဖွဲ့အစည်း၊ မည်သည့်လူပုဂ္ဂိုလ်တို့၏ ပယောဂများ၊ တိုက်တွန်းချက်များ ကြောင့်မဟုတ်ဘဲ ဘက်လိုက်မှုကင်းသော မူဝါဒများနှင့်အညီ လွှတ်ပေးသင့်၊ လွှတ်ပေးထိုက်သူများကိုသာ စိစစ်ရွေးချယ်ဆောင်ရွက်ခြင်းသာရှိကြောင်း သိရှိရ။

တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလား သူများက မိဘပြည်သူများ၊ လူငယ်လူရွယ်များကို စိုးရိမ်ထိတ်လန့်စေရန်အတွက် လုံခြုံ ရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများက စစ်မှုထမ်းရန် ပေါ်တာဆွဲခြင်း၊ လမ်းသွားလမ်းလာများကို ဖမ်းဆီးခြင်းစသည့် ကောလာဟလသတင်းအမှားများဖြင့် ဝါဒဖြန့်လှုံ့ဆော်နေခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၄-၂၀၂၄)

  • မင်းလှမြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့မှ လမ်းသွားလမ်းလာပြည်သူများကို စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးနေဟူသည့်သတင်းနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်း၊ လှည့်ကင်းပတ်ကင်းများ ဆောင်ရွက်ခြင်းသာရှိပြီး လမ်းသွားလမ်းလာပြည်သူများအား ဖမ်းဆီးခေါ်ဆောင်ခြင်းမရှိကြောင်း သိရှိရ။
  • အကျဉ်းထောင်အသီးသီး၌ အကျဉ်းကျခံနေကြရသော အကျဉ်းသား/အကျဉ်းသူ များအား နိုင်ငံတော်၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်နိုင်ရန် ငွေကြေးပေးရမည် ဟူသောသတင်းသည် မဟုတ်မမှန်သတင်းအတုသာဖြစ်။

Add new comment