တိုင်းစစ်ဌာနချုပ်အသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁) သင်တန်း ဖွင့်ပွဲများအား ကျင်းပပြုလုပ်

 

ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/ ၂၀၁၀) ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် ယင်းဥပဒေအား အသက်ဝင်စေခဲ့ကာ မတ်လ ၉ ရက်မှစ၍ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁) တွင် တက်ရောက်ရန်အတွက်ဆင့်ခေါ်ခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် လူငယ် များအနေဖြင့် မိမိသဘောဆန္ဒအလျောက် စာရင်းပေးသွင်းလာခဲ့ကြပါသည်။

မိမိသဘောဆန္ဒအလျောက် စာရင်းပေးသွင်းလာကြသူများအနက် သင်တန်း တက်ရောက်ရန် အရည်အချင်းကိုက်ညီသူများအား စုဖွဲ့၍ ဧပြီလ ၈ ရက်တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းများအသီးသီးတွင် သင်တန်း ဖွင့်ပွဲများ ပြုလုပ်ခဲ့ကြပါသည်။

သင်တန်းဖွင့်ပွဲများအပြီးတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူး များနှင့် တာဝန်ရှိသူများသည် သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ် (၁) မှ သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက သင်တန်းသားများအတွက် ထောက်ပံ့ ချီးမြှင့်ငွေများပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပါသည်။

နိုင်ငံတော်တွင် နိုင်ငံသားတိုင်းအနေဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန် အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိကြပြီး ယင်းတာဝန်များကို ထမ်းဆောင်ရန် အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင် နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းခဲ့ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၄-၂၀၂၄)

  • ပြည်သူ့စစ်မှုထမ်း သင်တန်းတက်ရောက်ရန်အတွက် မိမိသဘောဆန္ဒအလျောက် စာရင်းပေးသွင်းလာကြသူများအနက် အရည်အချင်းကိုက်ညီသူများအား စုဖွဲ့၍ ဧပြီလ ရက်တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်း ကျောင်းများအသီးသီးတွင် သင်တန်းဖွင့်ပွဲများ ပြုလုပ်ခဲ့။
  • နိုင်ငံတော်တွင် နိုင်ငံသားတိုင်းအနေဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိ။

Add new comment