ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ မြို့နယ်အသီးသီးမှ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင် များအား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ခရေရိပ်သာ၌လည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ထားဝယ်တပ်နယ် အောင်ဆန်းခန်းမ၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆) မြို့နယ်မှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များနှင့် မိသားစုဝင်များအား အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌လည်းကောင်း ဧပြီလ ၈ ရက်တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိ သူများက တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် တိုင်းမှူးများက အမှာစကားများ အသီးသီးပြောကြားခဲ့ပြီး စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည့်အပြင် နယ်မြေခံဆေးကုသရေးအဖွဲ့များက လိုအပ်သည့်ကျန်းမာရေး ကုသပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၄-၂၀၂၄)
- ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ မြို့နယ်များနှင့် ထားဝယ်မြို့နယ်အတွင်းတို့ရှိ ပြည်သူ့ စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆) မြို့ နယ်မှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက တွေ့ဆုံခဲ့ပြီး စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့။
- နယ်မြေခံဆေးကုသရေးအဖွဲ့များက လိုအပ်သည့်ကျန်းမာရေး ကုသပေးခြင်းများ ဆောင်ရွက်ခဲ့။
Add new comment