အကြိမ် (၂၀) မြောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေး၊ (၁၁) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပ

အကြိမ် (၂၀) မြောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေး (20th ASEAN Central Bank Governors’ Meeting-ACGM)၊ (၁၁) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေး (11th ASEAN Finance Ministers’ and Central Bank Governors’ Meeting-AFMGM) နှင့် ဆက်စပ်အစည်းအဝေးများ ကို ဧပြီလ ၅ ရက်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လွမ်ပရာဘွမ်မြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးများတွင်-

  • ၂၀၂၄ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအနေဖြင့် ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ အာဆီယံငွေရေးကြေးရေးပေါင်းစည်းမှုဆိုင်ရာလုပ်ငန်း ကော်မတီ များမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၏ နောက်ဆုံးတိုးတက်မှု၊ ရေရှည် တည်တံ့ခိုင်မြဲသည့် စဉ်ဆက်မပြတ်ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ် ငန်းစဉ်များ၊ အာဆီယံဒေသတွင်း ကြုံတွေ့ရသည့် အခက်အခဲများအပေါ် ဖြေရှင်း ဆောင်ရွက်မည့်နည်းလမ်းများ တိုးမြှင့်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊
  • အရှေ့အာရှနှင့် ပစိဖိတ်ဒေသ၏ စီးပွားရေးဆိုင်ရာအလားအလာများ၊ ကမ္ဘာ့စီးပွားရေး နှင့် ဒေသတွင်းစီးပွားရေးအလားအလာများဆိုင်ရာမူဝါဒများ၊ အာဆီယံ+၃ နှင့် အာဆီယံဒေသ၏ စီးပွားရေးဆိုင်ရာခန့်မှန်းချက်များ၊ ၂၀၂၅ အာဆီယံ စီးပွားရေး အသိုက်အဝန်း လမ်းပြမြေပုံအရ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၏ လတ် တလောတိုးတက်မှုအခြေအနေများအား အသီးသီးဆွေးနွေးခဲ့ကြပြီး အစည်းအဝေး သို့ တက်ရောက်လာကြသူများက အကြံပြုချက်များပေးခြင်းနှင့် မေးခွန်းများ မေး မြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့။

(၁၂) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့်ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်း အဝေးကို လာမည့် ၂၀၂၅ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိ ရပါသည်။  

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၄-၂၀၂၄)

  • အကြိမ် (၂၀) မြောက် အာဆီယံ ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေး၊ (၁၁) ကြိမ် မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများတွင် ရေရှည်တည်တံ့ခိုင်မြဲသည့် စဉ်ဆက်မပြတ် ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းစဉ်များ၊ အရှေ့အာရှနှင့် ပစိဖိတ် ဒေသ၏ စီးပွားရေးဆိုင်ရာ အလားအလာများ၊ ကမ္ဘာ့စီးပွားရေးနှင့် ဒေသတွင်းစီးပွား ရေးအလားအလာများဆိုင်ရာ မူဝါဒများ၊ အာဆီယံ+၃ နှင့် အာဆီယံဒေသ၏ စီးပွားရေးဆိုင်ရာခန့်မှန်းချက်များအား ဆွေးနွေးခြင်း၊ အကြံပြုခြင်းများ ပြုလုပ်ခဲ့။

Add new comment