ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် (၁၁) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေး ဝန်ကြီးများ နှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး၊ (၂၈)ကြိမ်မြောက် အာဆီယံဘဏ္ဍာရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်

(၁၁) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး၊ (၂၈) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လွမ်ပရာဘမ် မြို့တွင် ဧပြီလ ၃ ရက်မှ ၅ ရက်အထိကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည်-

  • ဧပြီလ ၃ ရက်တွင် အရှေ့တောင်အာရှဒေသအတွင်း ရာသီဥတုဖောက်ပြန် မှုနှင့်စပ်လျဉ်းသည့် ဘဏ္ဍာငွေပံ့ပိုးမှုကို တိုးချဲ့ဆောင်ရွက်ရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့။
  • ဧပြီလ ၄ ရက်တွင် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ သီးသန့်ဆွေးနွေးပွဲ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် နိုင်ငံ၏ စီးပွားရေး ထိခိုက်ခဲ့ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အနည်းငယ် ပြန်လည် တိုးတက်ကောင်းမွန်လာကြောင်း၊ အစိုးရအနေဖြင့် စီးပွားရေးဦးတည်ချက် များချမှတ်၍ SME  လုပ်ငန်းနှင့်  စိုက်ပျိုးရေးကဏ္ဍ တိုးတက်အောင် အဓိက ထားဆောင်ရွက်နေကြောင်းနှင့် အာဆီယံ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုအခြေအနေများကို ပါဝင် ဆွေးနွေးခဲ့။
  • ဧပြီလ ၅ ရက်တွင် (၁၁) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး၊ (၂၈) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေး ဝန်ကြီးများအစည်းအဝေးတို့ကို ကျင်းပရာ အာဆီယံဒေသတွင်း ဘဏ္ဍာရေး ကဏ္ဍပေါင်းစည်းမှုအတွက် ဆောင်ရွက်မည့်  Strategic Action Plan ဆိုင်ရာ ကိစ္စရပ်များ၊ အာဆီယံဒုတိယဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးက သက် ဆိုင်ရာလုပ်ငန်းကော်မတီများ အလိုက်တင်ပြလာကြသော ကိစ္စရပ်များကို ဘဏ္ဍာရေးဝန်ကြီးများက ညှိနှိုင်းဆွေးနွေးကြပြီး ရှေ့ဆက်လက်ဆောင် ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရေးဆွဲအတည်ပြုခဲ့။

အစည်းအဝေးများသို့ အာဆီယံဘဏ္ဍာရေးဝန်ကြီးများ၊ အာဆီယံအဆင့်မြင့် ဘဏ္ဍာရေးအရာရှိများ၊ အာဆီယံစီးပွားရေးအကြံပေးကောင်စီအဖွဲ့ဝင်များ၊ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၄-၂၀၂၄)

  • ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် (၁၁) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီး များနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး၊ (၂၈) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ ပြီး မြန်မာအစိုးရအနေဖြင့် စီးပွားရေးဦးတည်ချက်များချမှတ်၍ SME  လုပ်ငန်း နှင့်  စိုက်ပျိုးရေးကဏ္ဍ တိုးတက်အောင် အဓိကထား ဆောင်ရွက်နေကြောင်းနှင့် အာဆီယံ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်မှုအခြေအနေများကို ပါဝင်ဆွေးနွေးခဲ့။

 

Add new comment