ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာနနာယက ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန အောင်မြင်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ၏ ဥတုဇရုပ်ကလပ်တော်အား နဂါးနှစ်ကောင်ကျောင်းတိုက်၌ ပူဇော်ထားရှိပြီး အန္တိမအဂ္ဂိဈာပန အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ထားမှုအခြေအနေများအား ဧပြီလ ၅ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ အရာရှိကြီးများ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာတွင်-

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာနနာယက ဆရာတော်ကြီး၏ ဥတုဇရုပ်ကလပ်တော်အား ဖူးမြော်ကြည်ညိုခဲ့ပြီး ကျောင်းဝင်းအတွင်း၌ ဆရာ တော်ကြီး၏ ဥတုဇရုပ်ကလပ်တော်အား အန္တိမအဂ္ဂိ ဈာပနကျင်းပမည့်နေရာသို့ ပင့်ဆောင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် ဆရာတော်ကြီး၏ သမိုင်းဝင် ဓါတ်ပုံများပြခန်းကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနကျင်းပရေးနာယကအဖွဲ့တွင် ပါဝင်သည့် သီလဓမ္မကုန်းသာတောရကျောင်းတိုက်ဦးစီးပဓာနနာယက (ဝစီပိတ်) ဆရာတော်အမှူးပြုသည့် ဆရာတော်ကြီးများနှင့် ဆရာတော်ကြီး၏ဈာပနအခမ်းအနားသို့ ကြွရောက်တော်မူသည့် မိုင်းဖုန်းဆရာတော်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး အန္တိမအဂ္ဂိဈာပနအောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက် ထားရှိမှုအခြေအနေများ၊ ဆရာတော်ကြီး၏ အသုံးအဆောင်ပစ္စည်းများအား ပြန်လည်စုဆောင်းပြုစု၍ ပြခန်းအဖြစ် ပြသထားရှိနိုင်ရေး ဆောင်ရွက်နိုင်မည့် အခြေအနေများအား လျှောက်ထားတင်ပြကာ ဆရာတော်ကြီးများထံမှ ဩဝါဒ ခံယူခဲ့။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား အန္တိမအဂ္ဂိဈာပနကျင်းပတော်မူမည့်နေရာသို့ ရောက်ရှိကာ စီစဉ်ဆောင်ရွက်ထား ရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆရာတော်ကြီး၏ ဥတုဇရုပ်ကလပ် တော်အား ပင့်ဆောင်ပူဇော်မည့်လမ်းကြောင်းတစ်လျှောက် သန့်ရှင်းသာယာမှုရှိ အောင် ဆောင်ရွက်ထားရှိရန်၊ အခမ်းအနားသို့ ကြွရောက်တော်မူကြသည့် ဆရာ တော်၊ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၏ သွားလာရေး၊ တည်းခိုနေထိုင်ရေးနှင့် စားသောက်ရေးတို့တွင် အဆင်ပြေချောမွေ့မှုရှိစေရေး စီစဉ်ဆောင် ရွက်ပေးရန်၊ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာနှင့် အခမ်းနားဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့။

နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယကဆရာတော်ကြီးသည် သာသနာပြု လုပ်ငန်းများနှင့် လူထုအကျိုးပြုလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူခဲ့ သောကြောင့် နိုင်ငံတော်မှ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်၊ အဂ္ဂမဟာသဒ္ဒမ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်၊ အဘိဓဇ အဂ္ဂမဟာသဒ္ဒမဇောတိက ဘွဲ့တံဆိပ်တော်၊ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်ချီးမြှင့်ခဲ့သကဲ့သို့ အိမ်နီးချင်း နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံမှ ဆက်ကပ်ချီးမြှင့်သည့် ဘွဲ့တံဆိပ်တော်များကိုလည်း ဆက် ကပ်ခံခဲ့ရပြီး ဆရာတော်ကြီးသည် သက်တော် ၉၆၊ ဝါတော် ၇၇ ဝါအရောက် သာသနာ တော်ထွန်းကားပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်တော်မူလျက်ရှိစဉ် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၄-၂၀၂၄)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ အရာရှိကြီးများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ၏ ဥတုဇရုပ်ကလပ်တော်အား နဂါးနှစ်ကောင်ကျောင်းတိုက်၌ ပူဇော်ထားရှိပြီး အန္တိမအဂ္ဂိဈာပန အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားမှုအခြေ အနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့။
  • ဆရာတော်ကြီးသည် သက်တော် ၉၆၊ ဝါတော် ၇၇ ဝါအရောက် သာသနာတော်ထွန်းကားပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်တော်မူလျက်ရှိစဉ် ဘဝနတ်ထံပျံလွန်တော်မူခဲ့ခြင်းဖြစ်။

Add new comment