PDF အမည်ခံ အကြမ်းဖက်သမားများက အေးချမ်းစွာ ခရီးသွားလာနေသော ခရီးသည်တင်မော်တော်ယာဉ်အား ပစ်ခတ်တိုက်ခိုက်

ဧပြီလ ၄ ရက်တွင် ရန်ကုန်မြို့ မှ ရေးမြို့သို့ ပြေးဆွဲနေသော ယာဉ်မောင်း ဦးဇေယျာလင်း မောင်းနှင်သည့် ခရီးသည်တင်ယာဉ်သည် သထုံမြို့ဘက်မှ ဘီးလင်း မြို့ဘက်သို့ ထွက်ခွာလာစဉ် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါင်းရွာကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုကားလမ်းပိုင်း မိုင်တိုင်အမှတ် ၁၃၁/၁နှင့် ၁၃၁/၂ ကြားနေရာသို့အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းဆွဲ၍ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ အဆိုပါတိုက်ခိုက်မှု ကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အပြစ်မဲ့ခရီးသွားပြည်သူ အမျိုးသား ၁ ဦး သေဆုံးပြီး အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့တွင် ဒဏ်ရာများရရှိခဲ့ပါသည်။

CRPH ၊ NUG တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ပြည်သူလူထုအပေါ် အကြောက်တရားဖြင့် လွှမ်းမိုးလျက်ရှိပြီး စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးကာ ရက်စက်စွာသတ်ဖြတ်ခြင်းများအပြင် ခရီးသည် တင်ယာဉ်လိုင်းများအား မိုင်းဆွဲတိုက်ခိုက်ခြင်းများနှင့် လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ၏ အသက်အန္တရာယ် ထိခိုက်သေကြေနိုင်သည်အထိ အကြမ်းဖက်မှုများအား ကျူးလွန်ခဲ့သည့်အပေါ် ပြင်းထန် စွာရှုတ်ချလျက်ရှိပါသည်။  

လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါအကြမ်းဖက်သမားများအား အမြန်ဆုံးဖော်ထုတ် ဖမ်းဆီးရမိရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ ပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၄-၂၀၂၄)

  • PDF အမည်ခံ အကြမ်းဖက်သမားများက မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုကားလမ်းပိုင်း၌ ပြေးဆွဲနေသည့်  ခရီးသည်တင်ယာဉ်အား အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ခရီးသည် ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့။

Add new comment