PDF အမည်ခံ အကြမ်းဖက်သမားများက မဟာအောင်မြေမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးအား လက်လုပ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်

ဧပြီလ ၅ ရက်တွင် PDF အမည်ခံ အကြမ်းဖက်သမား ၂ ဦးသည် မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရန်ကုန် - မန္တလေး လမ်းကြီးလမ်းထောင့်ရှိ မဟာအောင်မြေလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးအတွင်းသို့ လက်လုပ် မိုင်းဖြင့် ရက်စက်ယုတ်မာစွာ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ရုံးအတွင်းရှိ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးကာ ဝန်ထမ်း ၄ ဦးနှင့် ဒေသခံပြည်သူ ၅ ဦးတို့ ဗုံးစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ပါသည်။

CRPH၊ NUG တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့သည် အေးချမ်းစွာ နေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့် သက်ဆိုင်သောဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များနှင့် ဌာနဆိုင်ရာရုံးများအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအားလုယက်ခြင်းစသည့် အဖျက် အမှောင့်လုပ်ရပ်များကို ကျူးလွန်လျက်ရှိပါသည်။

အဆိုပါအကြမ်းဖက်သမားများကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးရမိရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်း ကာကွယ်သွားကြရန် သတင်းထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၄-၂၀၂၄)

  • PDF အမည်ခံ အကြမ်းဖက်သမားများက မဟာအောင်မြေ လူဝင်မှုကြီးကြပ်  ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးသို့ လက်လုပ်ဗုံးဖြင့် ပစ်ခတ်သဖြင့် အပြစ်မဲ့ ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့။

 

Add new comment