ပြည်ထောင်စုဝန်ကြီးများ ကုလသမဂ္ဂဘေးအန္တရာယ်ကင်းရှင်းရေးနှင့်လုံခြုံရေးဌာန၏ အကြီးအကဲ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ကို အသီးသီးလက်ခံတွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့သည် ကုလသမဂ္ဂဘေးအန္တရာယ်ကင်းရှင်းရေး နှင့် လုံခြုံရေးဌာန(United Nations Department of Safety and Security-UNDSS) ၏ အကြီးအကဲ Under-Secretary-General Mr. Gilles Michaud ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ဧပြီလ ၄ ရက်တွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၌ အသီးသီး လက်ခံတွေ့ဆုံခဲ့ပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ကုလသမဂ္ဂဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးနှင့် ခရီးသွားလာခွင့်နှင့်စပ်လျဉ်း သည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့။
  • ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံ စဉ် ကုလသမဂ္ဂဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးနှင့် မြန်မာနိုင်ငံ၌ ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ လုပ်ငန်းများဆောင်ရွက်ခွင့်များ၊ ကုလသမဂ္ဂဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုနှင့် ခရီးသွားလာခွင့်များ၊ နိုင်ငံဖြတ်ကျော်မှုခင်းကိစ္စရပ်များ ဆွေးနွေးခဲ့။

တွေ့ဆုံပွဲအသီးသီးသို့ အမြဲတမ်းအတွင်းဝန်များ၊ သက်ဆိုင်ရာဌာနများမှ အဆင့် မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူး/ လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi ၊ မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဌာန၊ လုံခြုံရေးအကြံ ပေး အရာရှိ Mr. Marco Smoliner တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။  

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၄-၂၀၂၄)

  • ပြည်ထောင်စုဝန်ကြီးများ ကုလသမဂ္ဂဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဌာန ၏ အကြီးအကဲ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာ နိုင်ငံအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ကုလသမဂ္ဂဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးနှင့်မြန်မာနိုင်ငံ၌ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ လုပ်ငန်းများ ဆောင်ရွက်ခွင့်များ၊ ကုလသမဂ္ဂဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုနှင့် ခရီးသွား လာခွင့်များ၊ နိုင်ငံဖြတ်ကျော်မှုခင်းကိစ္စရပ်များ ဆွေးနွေးခဲ့။

Add new comment