ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် China International Trust and Investment Corporation (CITIC) Group Myanmar Co.,Ltd မှ တာဝန်ရှိသူများနှင့် ဧပြီလ ၄ ရက်တွင် နေပြည်တော် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ရာ တွေ့ဆုံစဉ် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကအရေးပါသည့် အခြေခံအဆောက်အဦများဖြစ် သည့် လမ်း၊ တံတားတည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ၊ စီမံကိန်းလုပ်ငန်းဆောင်ရွက် ပြီးစီးပါက ကုန်သွယ်မှုကဏ္ဍနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရုံသာမက ဒေသတွင်း၏ ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်နိုင်မည့်အခြေအနေများ၊ မြန်မာ-တရုတ်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်၍ ဘုံအကျိုးစီးပွားတိုးတက်စေရေးအတွက် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၄-၂၀၂၄)
- ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် China Internatonal Trust and Investment Corporation (CITIC) Group Myanmar Co.,Ltd မှ တာဝန်ရှိသူတို့ တွေ့ဆုံ၍ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ပြီးစီးပါက ကုန်သွယ်မှုကဏ္ဍနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရုံသာမက ဒေသတွင်း၏ ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင် နိုင်မည့်ခြေအနေများ၊ မြန်မာ-တရုတ်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်၍ ဘုံအကျိုးစီးပွား တိုးတက်စေရေးအတွက် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့။
Add new comment