နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍသို့ ချေးငွေထုတ်ပေးရန် လျှောက်ထားလာသည့် ကုမ္ပဏီ/ လုပ်ငန်း (၂၃၂)ခုကို ချေးငွေထုတ်ယူခွင့်ပြု

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်း အဝေးအမှတ်စဉ် (၉/၂၀၂၁) ဆုံးဖြတ်ချက်အရ နိုင်ငံသားပိုင် ငါး၊ ပုစွန်မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍသို့ ချေးငွေထုတ်ပေးရန်လျှောက်ထားလာသည့် ကုမ္ပဏီ/ လုပ်ငန်းများ အနက် ကုမ္ပဏီ/ လုပ်ငန်း (၂၃၂) ခုသို့ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူခွင့်ပြုကြောင်း သိရှိရပါသည်။

ဆက်လက်၍ ချေးငွေလျှောက်လွှာများကို စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းနှင့် ချေးငွေထုတ်ပေးရာတွင် ဘဏ် တစ်ခုခု၌ တရားစွဲဆိုခံထားရသည့် လုပ်ငန်းဖြစ်ပါက ချေးငွေများ ထုတ်ပေးမည်မဟုတ်ကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီမှ သတင်းထုတ်ပြန်ထားကြောင်း သိရှိရပါသည်။