နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင် လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင် လျက်ရှိသော မြန်မာနိုင်ငံတစ်ဝန်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် များက ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ လာရောက်ပေးအပ်လျက်ရှိပါသည်။

ဧပြီလ ၄ ရက်တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ စွမ်းအင်ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းမိသား စုများက  စုစုပေါင်းငွေကျပ် သိန်းသုံးရာ့ခုနစ်ဆယ်ငါးသိန်းတန်ဖိုးရှိ စားသောက်ဖွယ်ရာ များကို တိုင်းမှူးထံ အသီးသီးပေးအပ်ခဲ့ရာ အဆိုပါစားသောက်ဖွယ်ရာများကို ရှေ့တန်းရောက် တပ်မတော်သားများ လက်ဝယ်အရောက် ဆက်လက်ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၄-၂၀၂၄)

  • နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင် လျက်ရှိသော နိုင်ငံတစ်ဝန်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စွမ်းအင်ဝန်ကြီး ဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းမိသားစုများက  စုစုပေါင်းငွေကျပ် သိန်းသုံးရာ့ခုနစ်ဆယ်ငါးသိန်းတန်ဖိုးရှိ စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့။

Add new comment