ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းတပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၇) သီဟတပ်ခွဲ သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၂၇) သီဟတပ်ခွဲသင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ဧပြီလ ၃ ရက်တွင် ဗထူးမြို့၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (ဗထူး) စစ်ရေးပြကွင်း၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီး ဗိုလ်လောင်းတပ်ခွဲများအား လိုက်လံစစ်ဆေးခဲ့ပြီး ကျောင်းဆင်း ဗိုလ်လောင်း တပ်ခွဲများ၏ အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြု ခြင်းကိုခံယူခဲ့ ပါသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည်  တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂၇)မှ အကောင်းဆုံးဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်း အမှတ် ၃၁၊ ဗိုလ်လောင်းပိုင်ဟိန်းသူအား ငွေဓားဆု ချီးမြှင့်ပေးအပ်ခဲ့ပြီးနောက် သင်တန်း ဆင်းမိန့်ခွန်းပြောကြားရာတွင်-

  • တပ်မတော်၏အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ပင်ဖြစ်ကြောင်း နှင့် ထိုတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် ခေါင်းဆောင်များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသည့်အတွက် တပ်စုတစ်စုကို ဦးဆောင် ကွပ်ကဲရမည့်သူများအနေဖြင့် ခေါင်းဆောင်မှုပညာရပ်များကို နားလည်တတ်ကျွမ်း ထားရန် လိုအပ်ကြောင်း။
  • စစ်မြေပြင်တိုက်ပွဲများသည် အသက်၊ သွေး၊ ချွေး များကိုရင်းနှီးပြီး စွန့်စားဆောင်ရွက်ရ သည်ဖြစ်၍ တိုက်ပွဲတိုင်းအောင်မြင်နိုင်ရန် ခေါင်းဆောင်၏အရည်အသွေး အခန်းကဏ္ဍ သည် အလွန့်အလွန်အရေးကြီးကြောင်း၊ ခေါင်းဆောင်၏စိတ်ဓာတ်နှင့် စီမံခန့်ခွဲမှုသည် စစ်ပွဲ၏ အနိုင်အရှုံးကို ဆုံးဖြတ်ပေးသည့် အဓိကအကြောင်းအရာပင်ဖြစ်ကြောင်း၊ ခေါင်းဆောင်၏ ဦးဆောင်မှုကောင်းပါက နောက်လိုက်စစ်သည်များနှင့် တစ်စိတ် တစ်ဝမ်းတည်းဖြစ်လာပြီး တပ်ဖွဲ့တစ်ခုလုံး၏ စည်းလုံးညီညွတ်မှု အင်အားကတစ်ဆင့် တိုက်စွမ်းရည်ကောင်းကို ရရှိစေမည်ပင်ဖြစ်ကြောင်း။
  • တိုက်စွမ်းရည်ပြည့်ဝစေရန် စွမ်းရည် ထက်မြက်ပြီး အရည်အချင်းပြည့်ဝသည့် စစ်သည်များဖြစ်အောင် အဆင့်နှင့်လျော်ညီသည် စစ်ပညာများကို ကျွမ်းကျင် ပိုင်နိုင်စွာ တတ်မြောက်ရမည်ဖြစ်ကြောင်း။
  • တပ်မတော်၏ ကောင်းမြတ်သည့် အစဉ်အလာ (၁၂) ရပ်ကို လိုက်နာ စောင့်ထိန်းပြီး စွမ်းရည်သုံးရပ်ထက်မြက်လာအောင် ကြိုးပမ်းအကောင်အထည် ဖော်သွားကြရမည် ဖြစ်ကြောင်းနှင့် တပ်မတော်၏အစဉ်အလာ(၁၂)ရပ်တွင် မျိုးချစ်စိတ်ဓာတ်သည် အဓိကကျကြောင်း။
  • သင်တန်းကာလတွင် စစ်နည်းဗျူဟာ၊ ခေါင်းဆောင်မှု၊ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်၊ စစ်မြေပြင်အင်ဂျင်နီယာ၊ ကွန်ပျူတာနှင့်အခြားဘာသာရပ်များကို စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားခဲ့ပြီးဖြစ်ကြောင်း၊
  • နည်းပညာတိုးတက်မှုမြန်ဆန်သည့် ယနေ့ခေတ်တွင် စစ်မှုဆိုင်ရာအတတ်ပညာ နှင့် စစ်နည်းဗျူဟာများဟာ သမားရိုးကျမဟုတ်ဘဲ တိုးတက်မြင့်မားလျက်ရှိ သောကြောင့် သင်ကြားပေးလိုက်သည့် အတတ်ပညာများနှင့် တင်းတိမ်ရောင့်ရဲ မနေဘဲ ဆက်လက်လေ့လာသွားကြရန်လိုကြောင်း။
  • လက်တွေ့နယ်ပယ်တွင် တာဝန်ထမ်းဆောင်ကြသည့်အခါ ကြုံတွေ့ရမည့် အခက် အခဲများကို အောင်မြင်စွာကျော်လွှားနိုင်ရန်အတွက် သင်ကြားထားသည့် သီအိုရီ (Theory) များကို အတွေ့အကြုံ၊ ဗဟုသုတများနှင့် ပေါင်းစပ်ပြီး ဆောင်ရွက် သွားကြရမည်ဖြစ်သကဲ့သို့ မိမိထက် အတွေ့အကြုံရှိသည့် အရာရှိများထံကလည်း လေ့လာဆည်းပူးကြရန် လိုအပ်ကြောင်း။
  • တပ်မတော်သားများအနေဖြင့် တိုက်စွမ်းရည်ရှိပြီး အရည်အချင်းပြည့်ဝစေရန် အတွက် “အမြဲတမ်း လေ့ကျင့်ရမည်၊ အမြဲတမ်းစစ်ရေးသတိရှိရမည်၊ အမြဲတမ်း တိုက်ပွဲဝင်အသင့်ဖြစ်ရမည်’’ ဆိုသည့် မြဲသုံးမြဲနှင့်လည်း ပြည့်စုံနေရန်လိုအပ်ကြောင်း။
  • အရေအတွက်မှ အရည်အချင်းသို့’’ ဆိုသည့် လေ့ကျင့်ရေး မူဝါဒနှင့်အညီ တစ်ဦးချင်းမှသည် တပ်မတော်တစ်ရပ်လုံး စွမ်းဆောင်ရည် မြင့်မားစေရန် လေ့ကျင့်မှုတွေကို မှန်မှန်ကန်ကန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှ ယုံကြည်၊ ယုံကြည်မှ ရဲရင့်၊ ရဲရင့်မှ အောင်ပွဲဆင်’’ ဆိုသည့် လေ့ကျင့်ရေးဆောင်ပုဒ်အတိုင်း မိမိဦးဆောင်ရသည့် တပ်စု၊ တပ်ဖွဲ့များကို အမြဲလေ့ကျင့် နေရန်လိုအပ်ကြောင်း။
  • စစ်စည်းကမ်းသည် တပ်မတော်၏ ကျောရိုးမဏ္ဍိုင်ဖြစ်ခြင်းကြောင့် ထုတ်ပြန်ထား သည့် တိုက်တွန်းချက်နှင့် တားမြစ်ချက်များကိုလည်း မိမိကိုယ်တိုင် သိရှိလိုက်နာ ကြရမည်ဖြစ်ပြီး မိမိကွပ်ကဲရသည့် တပ်ဖွဲ့ရှိ အကြပ်စစ်သည်များလည်း သိရှိ လိုက်နာအောင် ကြပ်မတ်သွားရမည်ဖြစ်ကြောင်း။
  • တန်းပြည့်စစ်မှုထမ်းဆောင်ချိန်တွင်လည်း နိုင်ငံတကာစစ်ပွဲဆိုင်ရာဥပဒေနှင့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rule of Engagement- ROE) များကိုလည်း တိကျစွာလိုက်နာ သွားရမည်ဖြစ်ကြောင်း။
  • အောင်မြင်သည့် ခေါင်းဆောင်ကောင်းများ၏ နောက်တွင် အရည်အချင်းပြည့်ဝ သည့် နောက်လိုက်ကောင်းများစွာရှိကြောင်း၊ စစ်မှုရေးရာများနှင့်ပတ်သက်၍ ခေါင်းဆောင်မှုပေးရာတွင် ပြတ်သားသည့် ခေါင်းဆောင်မှုမျိုးဖြစ်ရန်လိုကြောင်း။
  • အောင်မြင်သည့် ခေါင်းဆောင်ကောင်းဖြစ်ရန်အတွက်လည်း နောက်လိုက် ကောင်းဖြစ်မှ ခေါင်းဆောင်ကောင်း ဖြစ်မည်ဆိုသည့်အတိုင်း တပ်မတော်အပေါ် တွင် သစ္စာရှိပြီး တာဝန်ကျေပွန်သည့် နောက်လိုက်ကောင်းတစ်ဦးဖြစ်အောင်လည်း တစ်ချိန်တည်း တစ်ပြိုင်တည်း ကြိုးစားသင်ယူလုပ်ဆောင်ကြရန်လိုကြောင်း။
  • တပ်ကိုကွပ်ကဲတည်ဆောက်ရာတွင် တပ်တည်ဆောက်ရေးလုပ်ငန်းကြီး ၄ ရပ် ဖြစ်သည့် လေ့ကျင့်ရေး၊  အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေး၊ စိတ်ဓာတ်တို့ဖြင့် တည်ဆောက်သွားရမည်ဖြစ်ကြောင်း။
  • လေ့ကျင့်ရေး၊ အုပ်ချုပ်ရေးနှင့် သက်သာချောင်ချိရေး လုပ်ငန်းများကို မှန်ကန် မျှတစွာဆောင်ရွက်ပေးခြင်းဖြင့် စစ်သည်များ၏ စိတ်ဓာတ်သည် ပိုမိုခိုင်မာ အားကောင်းစေပြီး စစ်သည်တိုင်း တိုက်ပွဲဝင်လိုစိတ် အစဉ်အမြဲ ရှိနေမည်ပင် ဖြစ်ကြောင်း။
  • တိုက်ပွဲဆိုသည်မှာ ရန်သူနှင့် မိမိတပ်များ၏ တိုက်ပွဲဝင်လိုစိတ်နှင့် အောင်ပွဲခံလို စိတ်တို့ ယှဉ်ပြိုင်နေခြင်းပင်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် တုံးတိုက်တိုက်၊ ကျားကိုက်ကိုက်စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲသည့်စိတ်ဓာတ်၊ ရဲ(၃)ရဲ၊ မြဲ(၃)မြဲတို့သည် စစ်ကဏ္ဍကြီး (၄)ရပ်လုံး၏ အောင်မြင်မှု သော့ချက်များ ဖြစ်ကြောင်း။
  • တပ်တစ်တပ်၏ တိုက်စွမ်းရည်ထက်မြက်ရန်အတွက် စစ်သည်အဆင့်တန်း အားလုံး တစ်ဦးချင်းလေ့ကျင့်ရေးနှင့် အဖွဲ့လိုက် လေ့ကျင့်ရေးကိုပါ ပီပြင်အောင် ပြင်းပြင်းထန်ထန် လေ့ကျင့်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
  • နိုင်ငံတော်ကာကွယ်ရေးတာဝန်ဆိုသည်မှာ နိုင်ငံတွင်းတွင် နေထိုင်ကြသည့် ပြည်သူများအားလုံး၏တာဝန်ဖြစ်သကဲ့သို့ မိမိတို့တပ်မတော်သည်လည်း အဓိက တာဝန် အရှိဆုံးဖြစ်သည်ကို သိရှိထားရန်လိုကြောင်း။
  • ပြည်ပနိုင်ငံကြီးအချို့နှင့် ပြည်တွင်း၊ ပြည်ပ အကြမ်းဖက်သမားများသည် Media ကို လက်နက်အဖြစ်အသုံးချပြီး တပ်တွင်းစည်းလုံးညီညွတ်မှု ပြိုကွဲစေရေးနှင့် တပ်မတော်အင်အားချည့်နဲ့စေရေးတို့ကို ဦးတည်လုပ်ဆောင်နေသည်ကို တွေ့ရ မည်ဖြစ်ကြောင်း။
  • မိမိတို့နိုင်ငံ၏ ပထဝီအနေအထားကိုကြည့်ပါက လူအင်အား၊ စီးပွားရေးအင်အား ကြီးမားသည့် နိုင်ငံကြီးနှစ်နိုင်ငံကြားတွင် တည်ရှိနေခြင်းကြောင့် နိုင်ငံတော်၏ ကာကွယ်ရေးမဟာဗျူဟာကို ပြည်သူ့စစ်မဟာဗျူဟာအဖြစ် ဖော်ဆောင် ကျင့်သုံးလျက်ရှိကြောင်း။
  • ပြည်သူလူထု၏ ယုံကြည်လေးစားအားကိုးမှုကို ရရှိစေရန်အတွက် တပ်မတော် သည် စွမ်းရည်ထက်မြက်ပြီး အင်အားတောင့်တင်းနေရန် လိုအပ်ကြောင်း၊ ပြည်သူနှင့်တပ်မတော် တစ်သားတည်းဖြစ်မှသာ ပြည်သူ့စစ်မဟာဗျူဟာများကို အကောင်အထည်ဖော်နိုင်မည်ပင်ဖြစ်ကြောင်း။    
  • မိမိနယ်မြေဒေသအလိုက် ပြည်သူ့စစ်အဖွဲ့ဝင်များနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ရာတွင် ဥပဒေနှင့်ညီညွတ်ပြီး စည်းစနစ်ပိုမိုကျနသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့၌ အတည်ပြု အာဏာ တည်စေခြင်း ဖြစ်ကြောင်း။
  • အလားတူ နိုင်ငံတော်နှင့်တပ်မတော်အတွက် စွန့်လွှတ်စွန့်စားစွာဖြင့် တာဝန် ထမ်းဆောင်ရင်း အငြိမ်းစားယူခဲ့ပြီးဖြစ်သည့် စစ်မှုထမ်းဟောင်းများကလည်း ပြန်လည်အမှုထမ်းဆောင်ခွင့်ပြုရန် တောင်းဆိုမှုများ အများအပြားရရှိမှုပေါ် မူတည်လျက် အရန်တပ်ဖွဲ့ဥပဒေကိုလည်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အာဏာတည်စေခဲ့ကြောင်း။
  • အဆိုပါ ဥပဒေများသည် မိမိနိုင်ငံတစ်ခုတည်းတွင်သာ တီထွင်ဖန်တီး ထုတ်ပြန် ထားခြင်းမဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင်လည်း လိုအပ်ချက်အရ လိုအပ်သလို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဆောင်ရွက် လျက်ရှိကြောင်း။
  • ထုတ်ပြန်ထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေတို့အား မသိနားမလည် သူများအပေါ် ဥပဒေနှင့်မညီသော ခြိမ်းခြောက်အကျပ်ကိုင်မှုမှတစ်ဆင့် ငွေကြေး နှင့် အခြားအခွင့်အရေးများ ရယူအမြတ်ထုတ်လိုသည့် အောက်ခြေမသမာသူ အကျင့်ပျက်ဝန်ထမ်း အချို့နှင့် အဖွဲ့အစည်းအချို့ပါ ဥပဒေနှင့်အညီ ဖော်ထုတ် အရေးယူနိုင်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးကြရန် လိုကြောင်း။
  • တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီအသီးသီးတို့ကိုဖွဲ့စည်းပြီး တစ်ဖက်တစ်လမ်းက ကြိုးပမ်း ဆောင်ရွက်နေမှုများကိုလည်း အသိပေးလိုကြောင်း။
  • တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် အမြဲတမ်းပွင့်လင်းမြင်သာစွာ ဆွေးနွေးနိုင်ရေး ဖိတ်ခေါ်လျက်ရှိပြီး လက်မှတ်ရေးထိုးရန် ကျန်သည့်အဖွဲ့များကို လည်း NCA လမ်းကြောင်းအပါအဝင် လွှတ်တော်လမ်းကြောင်းမှတစ်ဆင့် မိမိ တို့၏လိုလားချက်များကို တရားဝင်တောင်းဆိုခွင့်ရရှိရေးကိုလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ် အပြန်အလှန် ပွင့်လင်း မြင်သာစွာ ဆွေးနွေးလျက်ရှိကြောင်း။
  • ခေါင်းဆောင်မှုအင်္ဂါရပ် ၁၆ ရပ်ပါအတိုင်း လိုက်ပါလုပ်ဆောင်ပြီး လက်အောက် ငယ်သားများကို မှန်ကန်သည့်ခေါင်းဆောင်မှုပေး၍ နိုင်ငံတော်နှင့်တပ်မတော်က ပေးအပ်သည့် ရည်မှန်းချက်တာဝန်များကို အောင်မြင်ပြီးမြောက်အောင် ထမ်းဆောင်သွားကြရန်၊ တပ်မတော်၏ ကောင်းမြတ်သည့် အစဉ်အလာကောင်း များကို လက်ဆင့်ကမ်းပြီး သစ္စာ ၄ ချက်ကို အသက်နှင့်ထပ်တူ စောင့်ထိန်း သွားကြရန်၊ တပ်တွင်း၊ တပ်ပြင်စည်းရုံးရေးကို ပိုမိုကျစ်လျစ်ခိုင်မာပြီး ရေပက် မဝင်သည့် စည်းရုံးရေးကို တည်ဆောက်နိုင်ရေး စစ်သည်တော်ကျင့်ဝတ် ၆၀ ပါးနှင့်အညီ နေထိုင်လုပ်ဆောင် သွားကြရန်၊ “အနာဂတ်၏စစ်ခေါင်းဆောင်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အနာဂတ် တပ်မတော်နှင့် နိုင်ငံတော်အတွက် အားကိုးအားထားရသော  ခေါင်းဆောင်များဖြစ်အောင် အစဉ်ကြိုးစား ဆောင်ရွက် သွားကြရန်လိုကြောင်းဖြင့်  ပြောကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး နောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့နှင့်အတူ ရိပ်သာ ခန်းမ၌ ထူးချွန်ဆုရ ဗိုလ်လောင်းများအားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားကာ ညပိုင်းတွင် သင်တန်းဆင်းအရာရှိ များနှင့်အတူ ညစာကို အတူတကွ သုံးဆောင်ကြ ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်သန်းသန်းနွယ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဇေယျကျော်ထင် ဦးအောင်အောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊  တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) မှ နည်းပြများနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၄-၂၀၂၄)

  • စစ်မြေပြင်တိုက်ပွဲများသည် အသက်၊ သွေး၊ ချွေး များကိုရင်းနှီးပြီး စွန့်စား ဆောင်ရွက်ရသည်ဖြစ်၍ တိုက်ပွဲတိုင်းအောင်မြင်နိုင်ရန် ခေါင်းဆောင်၏ အရည် အသွေးအခန်းကဏ္ဍသည် အလွန့်အလွန်အရေးကြီးကြောင်း၊ ခေါင်းဆောင်၏ စိတ်ဓာတ်နှင့် စီမံခန့်ခွဲမှုသည် စစ်ပွဲ၏ အနိုင်အရှုံးကို ဆုံးဖြတ်ပေးသည့် အဓိက အကြောင်းအရာပင်ဖြစ်ကြောင်း၊ ခေါင်းဆောင်၏ ဦးဆောင်မှုကောင်းပါက နောက်လိုက်စစ်သည်များနှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်လာပြီး တပ်ဖွဲ့တစ်ခု လုံး၏ စည်းလုံးညီညွတ်မှု အင်အားကတစ်ဆင့် တိုက်စွမ်းရည်ကောင်းကို ရရှိစေမည်ပင်ဖြစ်ကြောင်း။
  • တပ်မတော်၏ ကောင်းမြတ်သည့် အစဉ်အလာ (၁၂) ရပ်ကို လိုက်နာ စောင့်ထိန်းပြီး စွမ်းရည်သုံးရပ်ထက်မြက်လာအောင် ကြိုးပမ်းအကောင်အထည် ဖော်သွားကြရမည် ဖြစ်။
  • စစ်စည်းကမ်းသည် တပ်မတော်၏ ကျောရိုးမဏ္ဍိုင်ဖြစ်ခြင်းကြောင့် ထုတ်ပြန်ထား သည့် တိုက်တွန်းချက်နှင့် တားမြစ်ချက်များကိုလည်း မိမိကိုယ်တိုင် သိရှိလိုက်နာ ကြရမည်ဖြစ်ပြီး မိမိကွပ်ကဲရသည့် တပ်ဖွဲ့ရှိ အကြပ်စစ်သည်များလည်း သိရှိ လိုက်နာအောင် ကြပ်မတ်သွားရမည်ဖြစ်ကြောင်း။
  • တန်းပြည့်စစ်မှုထမ်းဆောင်ချိန်တွင်လည်း နိုင်ငံတကာစစ်ပွဲဆိုင်ရာဥပဒေနှင့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rule of Engagement- ROE) များကိုလည်း တိကျစွာလိုက်နာ သွားရမည်ဖြစ်။
  • နိုင်ငံတော်ကာကွယ်ရေးတာဝန်ဆိုသည်မှာ နိုင်ငံတွင်းတွင် နေထိုင်ကြသည့် ပြည်သူများအားလုံး၏တာဝန်ဖြစ်သကဲ့သို့ မိမိတို့တပ်မတော်သည်လည်း အဓိက တာဝန် အရှိဆုံးဖြစ်သည်ကို သိရှိထားရန်လို။
  • တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် အမြဲတမ်းပွင့်လင်းမြင်သာစွာ ဆွေးနွေးနိုင်ရေး ဖိတ်ခေါ်လျက်ရှိပြီး လက်မှတ်ရေးထိုးရန် ကျန်သည့်အဖွဲ့များကို လည်း NCA လမ်းကြောင်းအပါအဝင် လွှတ်တော်လမ်းကြောင်းမှတစ်ဆင့် မိမိ တို့၏လိုလားချက်များကို တရားဝင်တောင်းဆိုခွင့်ရရှိရေးကိုလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ် အပြန်အလှန် ပွင့်လင်း မြင်သာစွာဆွေးနွေးလျက်ရှိ။

Add new comment