နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စစ်ဘက်၊ အရပ်ဘက် စာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များနှင့် တပ်မတော်ဌာနချုပ်များ/ တပ်ရင်း တပ်ဖွဲ့စာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ဧပြီလ ၃ ရက်တွင် နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင်-

  • စာအုပ်စာပေဆိုသည်မှာ မည်မျှပင် ကာလကြာရှည်က ထုတ်ဝေခဲ့သည်ဖြစ်စေ မဖတ်ရ၊ မလေ့လာရသေးပါက အသစ်ပင်ဖြစ်ကြောင်း၊ ယခုလှူဒါန်းသည့် စာအုပ် များသည် လွန်ခဲ့သည့်နှစ် (၆၀) ကျော်က ဆိုသော်လည်း ယနေ့ခေတ်လူငယ်များ မသိနိုင်သေးသည့် အကြောင်းအရာများစွာ ပါဝင်ကြောင်း၊ စာအုပ်၏တန်ဖိုးကို ဖော်ပြ၍ရသော်လည်း စာဖတ်သူတို့ရသည့်အသိက တန်ဖိုးမဖြတ်နိုင်အောင် အကျိုးရှိမည်ဖြစ်ကြောင်း။
  • ပညာသင်ခြင်းသည် နိုင်ငံ၏ အနာဂတ်အတွက် မရှိမဖြစ်အရေးပါသည့် လူ့စွမ်း အားအရင်းအမြစ် ပျိုးထောင်ခြင်းဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူဆောင်ရွက်နေ ချိန်တွင် အခြေခံပညာအလယ်တန်းအဆင့်အောင်မြင်ပြီး မလွှဲမရှောင်သာ ကျောင်း ထွက်သွားကြရမည့် လူငယ်များအတွက် ဘဝတွင် သက်မွေးပညာတစ်ခုခုပါသွား စေရေး အခြေခံပညာအထက်တန်းအဆင့်တွင် စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးပညာရပ်များကို ဆက်လက်သင်ကြားနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ ကြောင်း။
  • စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး သက်မွေးပညာများကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ခရိုင် ၅၀ က အထက်တန်းကျောင်း ၅၁ ကျောင်းတွင် ဖွင့်လှစ် သင်ကြားပေးနိုင်ခဲ့ကြောင်း၊ ယခုလာမည့် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် နောက် ထပ် ၃၄ ကျောင်း ထပ်မံဖွင့်လှစ်သင်ကြားပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း။
  • စာပေလေ့လာဖတ်ရှုကြရန် တိုက်တွန်းကြရမည်ဖြစ်ကြောင်း၊ လူငယ်များအပါ အဝင် ပြည်သူများ စာဖတ်ကြစေရန် မိမိတို့ အားပေးကြရမည်ဖြစ်ကြောင်း၊ စာပေလေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်များ ဖန်တီးပေးကြရမည်ဖြစ်ကြောင်း။
  • နိုင်ငံနှင့် ပြည်သူကိုအကျိုးပြုမည့် စာကောင်းပေမွန်များကို များများရေးသား ပြုစုထုတ်ဝေပေးကြရန်၊ ထုတ်ဝေပြီးသား စာအုပ်စာစောင်အဟောင်းများအနက် အသိပညာဗဟုသုတပေးနိုင်မည့် စာအုပ်ကောင်းများကို ပြန်လည်ပုံနှိပ်ထုတ်ဝေ နိုင်အောင် ကြိုးစားပေးကြရန်၊ စာတတ်သူတိုင်း စာဖတ်ကြစေရေး နှိုးဆော်တိုက် တွန်းခြင်း၊ အသိပညာပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးကြရန်၊ စာတတ် ရုံ၊ အတတ်ပညာပြည့်ဝရုံသာမက စဉ်းစားတွေးခေါ်ဉာဏ်နှင့် အသိပညာပြည့်ဝ သည့်၊ ဗလငါးတန်ပြည့်ဝသည့် လူငယ်များ ပေါ်ထွက်လာစေရန် တာဝန်ရှိသူများ နှင့် မိဘများ၊ ဆရာ ဆရာမများက ကြိုးစားဆောင်ရွက်ပေးကြရန်၊ ကျောင်းစာ ကြည့်တိုက်များ၊ ရပ်ကွက်ကျေးရွာစာကြည့်တိုက်များ တိုးပွားရေး၊ ရေရှည်တည် တံ့ရေး၊ တိုးတက်ရေးတို့ကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလို ကြောင်း ပြောကြားခဲ့။

ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းသို့ နိုင်ငံတော်အစိုးရမှ လှူဒါန်းသော သုတ၊ ရသစာအုပ် ၃၅၀၀ နှင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး မိသားစုမှ လှူဒါန်းသည့် လူထုသိပ္ပံကျမ်း အတွဲ (၁/၂/၃) စာအုပ် ၃၀၀၀ အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီးတို့က ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းနာယက ဦးကျော်ဆန်းနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေတို့က လက်ခံရယူခဲ့ပြီး တပ်မတော်မှ ဌာနချုပ်၊ တပ်ရင်း၊ တပ်ဖွဲ့ စာကြည့်တိုက်များသို့ နိုင်ငံတော် အစိုးရမှ လှူဒါန်းသော သုတ၊ ရသ စာအုပ် ၂၀၀၀ နှင့် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး မိသားစုတို့မှ လှူဒါန်းသော လူထုသိပ္ပံကျမ်းအတွဲ(၁/၂/၃) စာအုပ် ၁၅၀၀ တို့အား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ပေးအပ်လှူဒါန်းရာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးက လက်ခံရယူခဲ့ပါသည်။

အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဇနီး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီး၊ ဒေါက်တာ မှုထန်၊ ဒေါက်တာ ဘရွှေ၊ ဦးရန်ကျော်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ စာကြည့်တိုက်ဖောင်ဒေးရှင်းနာယကနှင့် အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက် ကြကြောင်း သိရှိရပါသည်။  

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၄-၂၀၂၄)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စစ်ဘက်၊ အရပ်ဘက် စာကြည့်တိုက် များသို့ နိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များအတွက် စာအုပ်ရေ (၃၀၀၀) နှင့် တပ်မတော် ဌာနချုပ်များ၊ တပ်ရင်းတပ်ဖွဲ့စာကြည့်တိုက်များအတွက် စာအုပ်ရေ (၁၅၀၀) လှူဒါန်းခဲ့။
  • စာအုပ်စာပေဆိုသည်မှာ မည်မျှပင် ကာလကြာရှည်က ထုတ်ဝေခဲ့သည်ဖြစ်စေ မဖတ်ရ၊ မလေ့လာရသေးပါက အသစ်ပင်ဖြစ်၊ စာအုပ်၏တန်ဖိုးကို ဖော်ပြ၍ရသော် လည်း စာဖတ်သူတို့ရသည့်အသိက တန်ဖိုးမဖြတ်နိုင်အောင် အကျိုးရှိမည်ဖြစ်။
  • အခြေခံပညာအလယ်တန်းအဆင့်အောင်မြင်ပြီး မလွှဲမရှောင်သာ ကျောင်းထွက် သွားကြရမည့် လူငယ်များအတွက် ဘဝတွင် သက်မွေးပညာတစ်ခုခုပါသွားစေ ရေး အခြေခံပညာအထက်တန်းအဆင့်တွင် စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များကို ဆက်လက်သင်ကြားနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးခဲ့။
  • စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးသက်မွေးပညာများကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ခရိုင် ၅၀ က အထက်တန်းကျောင်း ၅၁ ကျောင်းတွင် ဖွင့်လှစ် သင်ကြားပေးနိုင်ခဲ့၊ ယခုလာမည့် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် နောက်ထပ် ၃၄ ကျောင်း ထပ်မံဖွင့်လှစ်သင်ကြားပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိ။
  • လူငယ်များအပါအဝင် ပြည်သူများ စာဖတ်ကြစေရန် အားပေးကြရမည်၊ စာပေ လေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်များ ဖန်တီးပေးကြရမည်။
  • နိုင်ငံနှင့် ပြည်သူကိုအကျိုးပြုမည့် စာကောင်းပေမွန်များကို များများရေးသား ပြုစု ထုတ်ဝေ၊ ထုတ်ဝေပြီးသား စာအုပ်စာစောင်အဟောင်းများအနက် အသိပညာ ဗဟုသုတပေးနိုင်မည့် စာအုပ်ကောင်းများကို ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်အောင် ကြိုးစား။

Add new comment