နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များ လိုက်ပါ၍ ဧပြီလ ၃ ရက်တွင် ဗထူးတပ်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံ ယူနေသူများအား သွားရောက် ကြည့်ရှုအားပေးစကား ပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)အား ဆေးရုံတပ်မှူးက ဆေးရုံအစည်းအဝေးခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှု အခြေအနေများ နှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ အားလည်းကောင်း၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ဇနီးနှင့် အဖွဲ့ဝင်များသည် အမျိူးသမီးနှင့် ကလေးကုသဆောင်သို့သွားရောက်၍ ဆေးရုံတက် ရောက်ကုသလျက်ရှိသည့် လူနာများအားလည်းကောင်း လိုက်လံကြည့်ရှု အားပေးစကားပြောကြား ပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ဇနီးတို့သည် ဆေးရုံတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေနှင့် ဆေးရုံအတွက် အလှူငွေများကို ပေးအပ်ခဲ့ပြီးနောက် ဗထူးတပ်နယ်ရှိ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များအား မော်တော်ယာဉ်များဖြင့် လိုက်လံ ကြည့်ရှုစစ်ဆေးပြီး မိသားစုများနှင့်တွေ့ဆုံ၍ နှုတ်ဆက်အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၄-၂၀၂၄)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် ဗထူးတပ်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများနှင့် နယ်မြေခံ တပ်ရင်း၊ တပ်ဖွဲ့များအား သွားရောက်ကြည့်ရှုအားပေး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့။
Add new comment