နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဗထူးတပ်နယ်ရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် အဖွဲ့ဝင်များလိုက်ပါ၍ ဧပြီလ ၃ ရက်တွင် ဗထူးတပ်နယ်ရှိ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေး တပ်ရင်းသို့သွားရောက်၍ စံပြစိုက်ပျိုး မွေးမြူရေးဇုန်အတွင်း ရာသီသီးနှံ နှင့် မြေအစားထိုးသီးနှံ စိုက်ပျိုးထားရှိမှုများ၊ ကျောက်စိမ်းတစ်သျှူးငှက်ပျော(သီးမွှေး) စိုက်ပျိုးထားရှိမှုများ၊ မြေစိုက်ရေခံအဆောက်အဦနှင့် လေလုံအအေးပေး အဆောက်အဦ အတွင်း  ဥစားကြက်များ မွေးမြူထားရှိမှု၊ မေထုံမဲ့နည်းပညာဖြင့် နို့စားနွားနှင့် အသားတိုး နွားများ မွေးမြူထားရှိမှု၊  DYL မျိုးမြင့် ဝက်များမွေးမြူထားရှိမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပါသည်။

၎င်းနောက် စိုက်ပျိုးမွေးမြူရေးဇုန်အတွင်း ခင်းကျင်းပြသထားသည့် ရွှေဖရုံ၊ ဗူး၊ တိုင်ထောင်ပဲ၊ ငရုတ်၊ ရုံးပတီ၊ မုန့်ညှင်း၊ ခရမ်း စသည့်များကို မျိုးကောင်းမျိုးသန့်များ အဖြစ် အဆင့်ဆင့်မျိုးစေ့ ထုတ်လုပ်ပြီး တပ်ရင်း၊ တပ်ဖွဲ့များနှင့်ပြင်ပသို့ သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဝေရောင်းချပေးနေမှုနှင့် တပ်ရင်းမှ ထွက်ရှိသော လား/မြင်းချေးနှင့် စံပြမွေးမြူရေးဇုန်မှ ထွက်ရှိသော ကြက်၊ ဝက်၊ နွားချေး ကုန်းကြမ်းပစ္စည်းများအား အာဟာရတန်ဖိုးမြင့် သဘာဝမြေဆွေးအဖြစ် အသုံးပြုနိုင်ရန်  စမ်းသပ်ထုတ်လုပ်နေမှု များနှင့် တိရစ္ဆာန်ရောဂါကာကွယ်ဆေးများထုတ်လုပ်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့များသည် မွေးမြူရေး ခြံများအတွင်း ဥစားကြက်များမွေးမြူထားရှိမှုများအားလည်းကောင်း၊ နွားမေထုံမဲ့ သားစပ်ခြင်းပြုလုပ်ရန်အတွက် သားစပ်ကိရိယာများ ခင်းကျင်းပြသထားရှိမှုအား လည်းကောင်း၊ ဝက်မွေးမြူရေးခြံတို့အားလည်ကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပါသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး)ပေါင်းစည်းလယ်ယာ(ဗထူးစမ်း) သို့ သွားရောက်၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၏ အကူအညီဖြင့် ရေကျော်တမံအသေးတည်ဆောက်လျက် လယ်မြေသစ်များဖော်ထုတ်၍ ၎င်း လယ်မြေ ယာသစ်များတွင် နွေစပါး၊ အာလူးနှင့် ပဲပုတ်များ စိုက်ပျိုးထားရှိမှုများကို ကြည့်ရှု စစ်ဆေးရာ တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး)မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)က သိရှိလိုသည်များ မေးမြန်းပြီးလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၄-၂၀၂၄)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် အဖွဲ့ဝင်များလိုက်ပါ၍  ဗထူး တပ်နယ်ရှိ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းသို့သွားရောက်၍ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြ မှုများအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့။

Add new comment