တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရ

တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှု များဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံ တကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်း မျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အေးချမ်းသာစံပြကျေးရွာမှ အသက် ၁၅ နှစ် အရွယ် မောင်ဖိုးချစ်ကို စစ်မှုထမ်းရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဧပြီလ ၃ ရက်တွင် လာရောက်ဖမ်းဆီးသွားသည်ဟု မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည့် သတင်းနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ တာဝန်ရှိ သူတစ်ဦး၏ ပြောကြားချက်အရ မှန်ကန်မှုမရှိကြောင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေ၏ အခန်း(၁)၊ ပုဒ်မ ၂(ခ)တွင်လည်း စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူဆို သည်မှာ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်းဟူ၍ ပြဋ္ဌာန်းထားသည့်အတွက် ကောလာဟလ သတင်း မှားသာဖြစ်ပါသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်သည့်နေ့မှစပြီး တရားမဝင်ပြည်ဖျက် မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက သတင်းအမှားများဖြင့် ပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေရန်အတွက် ဝါဒဖြန့်လှုံဆော်နေခြင်းသာဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ https://mod.gov.mm/node/74 တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၄-၂၀၂၄)

  • ပြည်သူ့စစ်မှုထမ်း ဥပဒေ၏ အခန်း(၁)၊ ပုဒ်မ ၂(ခ)တွင်လည်း စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူဆိုသည်မှာ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်းဟူ၍ ပြဋ္ဌာန်း ထားသည့်အတွက် အသက် ၁၅ နှစ် အရွယ် မောင်ဖိုးချစ်ကို စစ်မှုထမ်းရန် လုံခြုံရေး တပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခြင်းသည် ကောလာဟလ သတင်းအမှား သာဖြစ်။

Add new comment