တက်ဟုန်းပြည်နယ်ခွဲ ကော်ဖီနှင့် စိုက်ပျိုးရေးထုတ်ကုန်များ မိတ်ဆက်ပွဲအခမ်း အနားနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တက်ဟုန်းပြည်နယ်ခွဲပြည်သူ့အစိုးရနှင့် တက်ဟုန်း ပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးတို့ ပူးပေါင်းကျင်းပ သည့် တက်ဟုန်းပြည်နယ်ခွဲ ကော်ဖီနှင့် စိုက်ပျိုးရေးထုတ်ကုန်များ မိတ်ဆက်ပွဲအခမ်း အနားကို  ဧပြီလ ၂ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့် ဦးထွန်းအုံ၊ တရုတ်ကွန်မြူနစ်ပါတီ တက်ဟုန်းပြည်နယ်ခွဲပါတီ ကော်မတီ အတွင်းရေးမှူးမစ္စတာ ကျန်းစန်း၊ တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာ နိုင်ငံကိုယ်စားလှယ်ရုံးနှင့် တက်ဟုန်းပြည်နယ်ခွဲ ကော်ဖီကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရေး၊ အဓိကပို့ကုန်တစ်ခုအဖြစ် တင်ပို့နိုင်သည်အထိ ဆောင်ရွက်နိုင်ရေး နှင့် နိုင်ငံအတွင်း ကော်ဖီတိုးချဲ့စိုက်ပျိုးရာတွင် ကော်ဖီတန်ဖိုး ကွင်းဆက်လုပ်ငန်းများ ဖွံ့ဖြိုးမှုရရှိစေရေး၊ ကော်ဖီကဏ္ဍအတွက် အာဆီယံနိုင်ငံများသို့ လေ့လာရေးသွားရောက် နိုင်ရေးစီစဉ်ဆောင်ရွက်ရေးဆိုင်ရာကိစ္စများအား အဓိကထား ပြောကြား၍ ပြသထားသည့် ကုန်ပစ္စည်းများအား ကြည့်ရှုအားပေးခဲ့ပြီး မိတ်ဆက်ပွဲအား ရုပ်သိမ်းခဲ့ပါသည်။

          အလားတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာဝါဝါမောင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းတို့သည် တက်ဟုန်းပြည်နယ်ခွဲ ပါတီကော်မတီအတွင်းရေးမှူး မစ္စတာကျန်းစမ်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ကို အသီးသီးလက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံနှင့် တက်ဟုန်းပြည်နယ်ခွဲတို့အကြား စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ကုန်စည်ပြပွဲ များသို့ နှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ အပြန်အလှန် ပါဝင်ပြသသွားနိုင်ရေး၊ ကုန် သွယ်မှုလမ်းကြောင်းများ ပိုမိုလျင်မြန် ချောမွေ့စေရေး၊ နယ်စပ်ဖြတ်ကျော် ထုတ်လုပ်မှု ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှု ပြုရာတွင် ကုန်ပစ္စည်းအမယ်များ တိုးမြှင့်ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စများအား  ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။  

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၄-၂၀၂၄)

  • တက်ဟုန်းပြည်နယ်ခွဲ ကော်ဖီနှင့် စိုက်ပျိုးရေးထုတ်ကုန်များ မိတ်ဆက်ပွဲအခမ်း အနားနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံနှင့် တက်ဟုန်းပြည်နယ် ခွဲတို့အကြား စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ အကြား ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ကုန်စည်ပြပွဲများသို့ နှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ အပြန်အလှန် ပါဝင်ပြသသွားနိုင်ရေး၊ ကုန်သွယ်မှုလမ်း ကြောင်းများ ပိုမိုလျင်မြန်ချောမွေ့စေရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့။ 

Add new comment