၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်ခဲ့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ် ကုန်သွယ်ရေးစခန်းများနှင့် နယ်စပ်ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-

  • ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၄ ခုနှစ် မတ်လ ၁၅ ရက်အထိ ၁၁ လကျော် ကာလအတွင်း သစ်တောထွက်ပစ္စည်းတင်ပို့မှုအနေဖြင့် နိုင်ငံပိုင်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၇၇၇ သန်းနှင့် ပုဂ္ဂလိကပိုင်တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၆၃ ဒသမ ၁၉၄ သန်းရရှိခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၃ ဒသမ ၉၇၁ သန်းရရှိခဲ့။
  • ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၄ ခုနှစ် မတ်လ ၁ ရက်အထိ ၁၁ လတာကာလ အတွင်း  ပြည်ပသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တို့မှ  ပဲမျိုးစုံတန်ချိန်  ၁ ဒသမ ၄၈ သန်းကျော်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁,၂၅၆ သန်းကျော်ရရှိခဲ့။
  • ပြည်ပသို့ သစ်တောထွက်ပစ္စည်းများအပြင် လယ်ယာထွက်ကုန်ပစ္စည်းများ၊ တိရစ္ဆာန် ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္ထုတွင်းထွက်ပစ္စည်း၊ စက်မှုကုန်ချောနှင့် တခြား ပို့ကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၁၁ လကျော်ကာလ အတွင်း ပြည်ပပို့ကုန်တင်ပို့မှုမှ စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၃,၉၈၅ ဒသမ ၀၂၂ သန်း ရရှိခဲ့။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ ဧပြီလအတွင်း နိုင်ငံတကာကုန်တင် သင်္ဘော ၅၀ စင်း ဝင်ရောက်ဆိုက်ကပ်ကုန်သွယ်မှုပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။  

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၄-၂၀၂၄)

  • ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၄ ခုနှစ် မတ်လ ၁၅ ရက်အထိ ပြည်ပသို့ သစ်တောထွက်ပစ္စည်းတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၆၃ ဒသမ ၉၇၁ သန်း ရရှိခဲ့။
  • ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၄ ခုနှစ် မတ်လ ၁ ရက်အထိ ၁၁ လတာကာလ အတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန်  ၁ ဒသမ ၄၈ သန်းကျော်တင်ပို့ပြီး အမေရိကန် ဒေါ်လာ ၁,၂၅၆ သန်းကျော်ရရှိခဲ့။
  • ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၁၁ လကျော်ကာလအတွင်း ပြည်ပပို့ကုန်တင်ပို့မှုမှ စုစု ပေါင်းအမေရိကန်ဒေါ်လာ ၁၃,၉၈၅ ဒသမ ၀၂၂ သန်း ရရှိခဲ့။
  • ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ ဧပြီလအတွင်း နိုင်ငံတကာကုန်တင် သင်္ဘော ၅၀ စင်း ဝင်ရောက်ဆိုက်ကပ်ကုန်သွယ်မှုပြုလုပ်မည်ဖြစ်။

Add new comment