နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇန်နဝါရီလ ၂၄ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
သံမဏိလုပ်ငန်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
-
ပြည်တွင်းတွင် အသုံးအများဆုံးဖြစ်သည့် Deformed Bar (သံချောင်းလုံး)များကို အဓိကလိုအပ်ပြီး ပြည်တွင်းသံမဏိလိုအပ်ချက်များစွာရှိသဖြင့် သံမဏိထုတ်လုပ်ရေး စီမံကိန်းများအား သတ်မှတ်ချိန်အတွင်း ပြီးမြောက်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။
-
သံမဏိစက်ရုံ(မြင်းခြံ) အနေဖြင့် တည်ဆောက်နေဆဲကာလအတွင်း စက်ပစ္စည်းများ ၉၉.၃၄ ရာခိုင်နှုန်းနှင့် ၉၅.၀၂ ရာခိုင်နှုန်းရောက်ရှိပြီးဖြစ်သော်လည်း ဆက်လက်တည်ဆောက်မှုမပြုလုပ်နိုင်ရန်အတွက် ၂၀၁၇ ခုနှစ်၌ လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ မှုကြောင့် မိမိတို့နိုင်ငံအတွက် ဘဏ္ဍာငွေများစွာ ထိခိုက်ဆုံးရှုံးခဲ့ရပြီး ယနေ့ချေးငွေ များအတွက် အရင်း၊ အတိုးပေးဆပ်နေရကြောင်း။
-
သံမဏိထုတ်လုပ်မှုလုပ်ငန်းသည် မိမိတို့နိုင်ငံအတွက် အရေးကြီးလိုအပ်ချက်ဖြစ်ပြီး စက်ရုံစီမံကိန်းများအား စနစ်တကျဖြင့် အပိုင်းလိုက်တည်ဆောက်၍ မှန်မှန်ကန်ကန် ဖြင့် မြန်မြန်ဆန်ဆန်ပြီးစီးစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း။
-
နိုင်ငံတော်တွင် အိမ်ဆောက်လုပ်ရေး သံမဏိပစ္စည်းများမှ များစွာလိုအပ်သဖြင့် နိုင်ငံတော်အစိုးရအနေဖြင့်သာမဟုတ်ဘဲ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ဆောင်ရွက်လိုပါကလည်း စည်းကမ်းများနှင့်အညီခွင့်ပြု၍ ပြည်တွင်းသံမဏိထုတ်လုပ်မှုလုပ်ငန်းကို အားပေးမြှင့်တင်ပေးရန်လိုကြောင်း။
-
မိမိတို့နိုင်ငံတွင် သံမဏိထုတ်လုပ်ရန် အခြေခံသံရိုင်း၊ ကျောက်မီးသွေးနှင့် ထုံးကျောက်များရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် လိုအပ်သည့်ဆောက်လုပ်ရေးလုပ်ငန်းသုံးသံမဏိများ ထုတ်လုပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်နိုင်ပါက ပြည်ပမှ တင်သွင်းမှုများကို လျှော့ချနိုင်မည်ဖြစ်သည့်အပြင် ဒေသစက်မှုလုပ်ငန်းများဖြစ်ထွန်း လာမည်ဖြစ်ကြောင်း။
-
လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံအတွက် မဟာဗျူဟာဖြင့် စဉ်းစားဆောင်ရွက်ကြ ရန် လိုအပ်ကြောင်း မှာကြားခဲ့။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မြန်မာနိုင်ငံအတွက် သံနှင့် သံမဏိလုပ်ငန်း ပြန်လည်နိုးကြားတစ်ခေတ်ဆန်းလာစေရေးနှင့် မြန်မာ့စက်မှုလုပ်ငန်း ယခုထက်ပိုမိုတိုးတက်လာစေရေး မြင်းခြံသံမဏိစက်ရုံမှ အဓိကအင်အားစုအဖြစ် အားဖြည့်နိုင်ပါစေကြောင်း ပြောကြားခဲ့ပြီး သံမဏိစက်ရုံအတွင်း သံရည်ကျိုအလုပ်ရုံ၊ Melt Shop 2 တို့အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။
-
သံမဏိထုတ်လုပ်မှုလုပ်ငန်းသည် မိမိတို့နိုင်ငံအတွက် အရေးကြီးလိုအပ်ချက်ဖြစ်ပြီး စက်ရုံစီမံကိန်းများအား စနစ်တကျဖြင့် အပိုင်းလိုက်တည်ဆောက်၍ မှန်မှန်ကန်ကန်ဖြင့် မြန်မြန်ဆန်ဆန်ပြီးစီးစေရေးစနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်လို။
-
အိမ်ဆောက်လုပ်ရေးအတွက် သံမဏိပစ္စည်းများစွာ လိုအပ်သဖြင့် အစိုးရအနေဖြင့် သာမဟုတ်ဘဲ ပုဂ္ဂလိကလုပ်ငန်းရှင်များကိုလည်း စည်းကမ်းများနှင့်အညီခွင့်ပြု၍ ပြည်တွင်းသံမဏိထုတ်လုပ်မှုလုပ်ငန်းကို အားပေးမြှင့်တင်ပေးရန်လို။
-
လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံအတွက် မဟာဗျူဟာဖြင့် စဉ်းစားဆောင်ရွက်ကြရန်လို။
Add new comment