အာဆီယံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ အစည်းအဝေးနှင့် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေးများသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင် တက်ရောက်

အာဆီယံဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများ အစည်းအဝေး (20th ASEAN Central Bank Deputies Meeting-ACDM)  နှင့် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီးအကဲ များအစည်းအဝေး (ASEAN Finance and Central Bank Deputies Meeting-AFCDM) ကို ဧပြီလ ၂ ရက်တွင် Hybrid Format ဖြင့် ကျင်းပရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်နှင့် အဆင့်မြင့်အရာထမ်းများက Virtual  စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

  • အာဆီယံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ အစည်းအဝေး (20th ASEAN Central Bank Deputies Meeting-ACDM) တွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSMEs) များကို ဘဏ္ဍာငွေဖြည့်ဆည်းရေးအတွက် လိုအပ်ချက်များကို အဓိက ထား ဆွေးနွေးခဲ့ပြီး လုပ်ငန်းကော်မတီများ၏ နောက်ဆုံးတိုးတက်မှုနှင့် ရေရှည် တည်တံ့ခိုင်မြဲသည့် စဉ်ဆက်မပြတ် ဘဏ္ဍာရေးအစီအစဉ်များ၊ အာဆီယံ ငွေကြေး ဖလှယ်မှုအစီအစဉ် (ASEAN Swap Arrangement-ASA)၊ အာဆီယံဒေသတွင်း ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ခံနိုင်ရည်ရှိမှုနှင့် သတင်းအချက်အလက်များအား မျှဝေ ခြင်း အစီအစဉ်တို့နှင့်စပ်လျဉ်းသည့် အခြေအနေများကို အာဆီယံ အဆင့်မြင့် ကော်မတီ၏ သဘာပတိဖြစ်သူမှ  ရှင်းလင်းတင်ပြရာ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ က လမ်းညွှန်မှုများပြုခဲ့။
  • အာဆီယံ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေး (ASEAN Finance and Central Bank Deputies Meeting-AFCDM) တွင် ငွေရေးကြေးရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် သက်ဆိုင်သည့် အာဆီယံ စီးပွားရေးအသိုက် အဝန်း(ASEAN Economic Cooperation -AEC) စောင့်ကြည့်လေ့လာရေးနှင့် အကဲ ဖြတ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များ၊ အေအီးစီ လမ်းပြမြေပုံ ၂၀၂၅ (AEC Blueprint 2025) အပေါ် တိုးတက်မှု၊ အာဆီယံအသိုက်အဝန်းဆိုင်ရာ မျှော်မှန်းချက် ၂၀၄၅ (ASEAN Community Vision 2045) နှင့် ၂၀၂၄ အာဆီယံ ငွေရေးကြေးရေး ပေါင်း စည်းမှု စောင့်ကြည့်လေ့လာရေးအစီရင်ခံစာ (2024 ASEAN Financial  Integration Monitoring  Report-AFIMR) နှင့်စပ်လျဉ်း၍ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး က ဆွေးနွေးတင်ပြခဲ့။
  • အာဆီယံလုပ်ငန်းကော်မတီများနှင့် အာဆီယံငွေရေးကြေးရေး ပေါင်းစည်းရေး အဆင့်မြင့်လုပ်ငန်းကော်မတီ (Senior Level Committee-SLC on ASEAN Financial Integration) တို့နှင့် စပ်လျဉ်းသည့် နောက်ဆုံးတိုးတက်မှုနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်များအတွက် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းကော်မတီ အသီးသီးတို့၏  ပူးတွဲသဘာပတိများမှ ရှင်းလင်းတင်ပြရာ အာဆီယံဘဏ္ဍာရေး နှင့် ဗဟိုဘဏ်ဒုတိယ အကြီးအကဲများက လမ်းညွှန်မှုများပြုခဲ့။

ထို့နောက် (၁၁) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌ များ အစည်းအဝေး (11th AFMGM) သို့ တင်ပြမည့် ပူးတွဲကြေညာချက်မူကြမ်းနှင့် အစီ အစဉ်မူကြမ်းတို့ကို အပြီးသတ်ဆွေးနွေး အတည်ပြုခဲ့ကြကြောင်း သိရှိရပါသည်။  

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၄-၂၀၂၄)

  • အာဆီယံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ အစည်းအဝေးနှင့် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေးများတွင် အသေးစားနှင့် အလတ် စား စီးပွားရေးလုပ်ငန်း(MSMEs) များကို ဘဏ္ဍာငွေဖြည့်ဆည်းရေးအတွက် လိုအပ် ချက်များကို အဓိကထား ဆွေးနွေးခဲ့ပြီး (၁၁) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး (11th AFMGM) သို့ တင်ပြမည့် ပူးတွဲကြေညာချက်မူကြမ်းနှင့် အစီအစဉ်မူကြမ်းတို့ကို အပြီးသတ်ဆွေးနွေး အတည် ပြုခဲ့။

 

Add new comment