နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၄) သို့ တက်ရောက်အမှာစကားပြောကြား

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၄) ကို ဧပြီလ ၂ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင်-

  • ဗဟိုအဖွဲ့အနေဖြင့် ပထမဦးဆုံးဖွင့်လှစ်မည့်သင်တန်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလ အတွင်းဖွင့်လှစ်ရန် ပြင်ဆင်သတ်မှတ်ခဲ့ပြီး သတ်မှတ်ရက်အတိုင်း ဖွင့်လှစ်နိုင် ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။
  • ပြည်သူလူထုအတွင်း ထင်ယောင်ထင်မှားဖြစ်စေမည့် ကောလာဟလသတင်းများ၊ သတင်းတုသတင်းမှားများမဖြစ်စေရေးနှင့် ပြည်သူလူထုအတွင်း သတင်းမှန်များ အချိန်တိုအတွင်း ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိစေရေး ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အချက်အလက်များအား ဆက်သွယ်ရေး Mobile Operator ၄ ခုမှ တစ်ဆင့် Short Message Service (SMS) များ ပေးပို့လျက်ရှိပါကြောင်း။
  • ဥပဒေပါကင်းလွတ်ခွင့်၊ ယာယီရွှေ့ဆိုင်းခွင့်များအပြင် ဗဟိုအဖွဲ့အစီအစဉ်ဖြင့် သတ်မှတ်ထားသည့်ကင်းလွတ်ခွင့်၊ ပေါ့လျော့ခွင့်၊ ယာယီရွှေ့ဆိုင်းခွင့်များကို ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များသို့ ဖြန့်ဝေပေးထားသဖြင့် နိုင်ငံ့ဝန်ထမ်းများကို အသိပညာပေး ဟောပြောခြင်း၊ ပြည်သူများသို့ ထပ်ဆင့်ရှင်းလင်းခြင်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ပြီး ပြည်သူများ၏ စိုးရိမ်စိတ်ကို လျော့ကျစေမည်ဖြစ်ပါ ကြောင်း။
  • ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များကို ပြည်သူများမှသိရှိလိုသည် များ စုံစမ်းမေးမြန်းခြင်း၊ သတင်းပို့ခြင်းများဆောင်ရွက်နိုင်ရန် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ရုံးနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် တို့တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့်ဆိုင်သော စုံစမ်းမေးမြန်းနိုင်သည့် တယ်လီဖုန်းများတပ်ဆင်ပေးထားပြီး ဖုန်းနံပါတ်များကိုလည်း နိုင်ငံပိုင်သတင်းစာ များတွင် ဖော်ပြပေးလျက်ရှိပါကြောင်း။
  • ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး စာရင်းကောက်ယူခြင်း၊ ဆေးစစ်ခြင်းနှင့် အကျုံး ဝင်သူများကို ဆင့်ခေါ်ခြင်းများဆောင်ရွက်လျက်ရှိရာ ပေးပို့လာသည့် စာရင်းများ တွင် ပြည်သူ့စစ်မှုထမ်းရန်ကိုယ်တိုင်ဆန္ဒပြုသူများစွာ ပါဝင်သည်ကိုတွေ့ရပါ ကြောင်း။
  • ဆန္ဒပြုသူများအနေဖြင့် အမှန်တကယ်ဆန္ဒပြုသူများဖြစ်ရန်လိုအပ်ပြီး အတင်း အကြပ် ဆန္ဒပြုစေခြင်းမျိုးမရှိစေရေး အောက်ခြေတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရပ်/ကျေးအဆင့်တာဝန်ရှိသူများအား သေချာစွာ ကြပ်မတ် လမ်းညွှန်ရန်လိုအပ်ပါကြောင်း။
  • ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဆောင်ရွက်နေမှုအပေါ် ဆန့်ကျင်ဘက်အဖွဲ့ အစည်းများက လူမှုကွန်ယက်များတွင် သတင်းတု၊ သတင်းမှားများဖြန့်ဝေခြင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများအား ခြိမ်း ခြောက်မှုများ ဆောင်ရွက်နေသည်ကိုတွေ့ရှိနေရပါကြောင်း။
  • သတင်းတု၊ သတင်းမှားဖြန့်ဝေသူများ၊ ခြိမ်းခြောက်သူများအားဖော်ထုတ်၍ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူလူထုမှ သတင်းပေး လာမှုအပေါ် တာဝန်ရှိအဖွဲ့အစည်းများက သတင်းအဖြစ်သာ ထားရှိခြင်းမပြုဘဲ အဆင့်ဆင့်ဖော်ထုတ်အရေးယူ ဆောင်ရွက်ရန် လိုမည်ဖြစ်ပါကြောင်းနှင့် သို့မှသာသတင်းတု/သတင်းမှားဖြန့်ဝေခြင်းနှင့် ခြိမ်းခြောက်မှုများ လျော့နည်း သွားမည်ဖြစ်ပါကြောင်း။
  • ပြည်သူ့စစ်မှုထမ်းသင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်နိုင်ရေးနှင့် သတ်မှတ် အရေအတွက် ပြည့်မီစွာ သင်တန်းစေလွှတ်တက်ရောက်နိုင်ရေး အလေးထား ဆောင်ရွက် ကြစေလိုပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဝင် များကလည်း အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးက-

  • ပြည်သူများ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ဖွင့်လှစ်ထား သည့် Call Center များတွင် တာဝန်ထမ်းဆောင်ကြသူများကို ယဉ်ကျေးစွာ ပြောဆိုဖြေကြားနိုင်သူများအား တာဝန်ပေးအပ်ပြီး ပြည်သူများက သိရှိလိုသည်များ မေးမြန်းမှုအပေါ် အလေးအနက်ထားဖြေကြားရန်လိုအပ်ပါကြောင်း။
  • ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးကိစ္စရပ်များအား မြေပြင်တွင်ဆောင်ရွက်နေကြ သူများအနေဖြင့် စစ်မှုထမ်းရန်အကျုံးဝင်သူများအား စာရင်းဇယားမှန်ကန် တိကျစွာဖြင့် မသမာမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားကြရန်နှင့် ပြည်သူ့ စစ်မှုထမ်းဥပဒေအပေါ် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန်လိုအပ် ပါကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ အတွင်းရေးမှူး စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဦး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ များဖြစ်ကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ က Online မှ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၄-၂၀၂၄)

  • ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး စာရင်းကောက်ယူခြင်း၊ ဆေးစစ်ခြင်းနှင့် အကျုံး ဝင်သူများကို ဆင့်ခေါ်ခြင်းများဆောင်ရွက်လျက်ရှိရာ ပေးပို့လာသည့် စာရင်းများ တွင် ပြည်သူ့စစ်မှုထမ်းရန်ကိုယ်တိုင်ဆန္ဒပြုသူများစွာ ပါဝင်သည်ကိုတွေ့ရ။
  • သတင်းတု၊ သတင်းမှားဖြန့်ဝေသူများ၊ ခြိမ်းခြောက်သူများအားဖော်ထုတ်၍ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူလူထုမှ သတင်းပေး လာမှုအပေါ် တာဝန်ရှိအဖွဲ့အစည်းများက သတင်းအဖြစ်သာ ထားရှိခြင်းမပြုဘဲ အဆင့်ဆင့်ဖော်ထုတ်အရေးယူ ဆောင်ရွက်ရန်လိုမည်ဖြစ်။
  • ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးကိစ္စရပ်များအား မြေပြင်တွင်ဆောင်ရွက်နေကြ သူများအနေဖြင့် စစ်မှုထမ်းရန်အကျုံးဝင်သူများအား စာရင်းဇယားမှန်ကန် တိကျ စွာဖြင့် မသမာမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားကြရန်နှင့် ပြည်သူ့စစ်မှုထမ်း ဥပဒေအပေါ် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အသိပညာပေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန်လို။

Add new comment