ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဗထူးတပ်နယ်ရှိ ခြေလျင်တပ်စုမှူးသင်တန်းသားများနှင့် ဗိုလ်လောင်းများအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ဧပြီလ ၂ ရက်တွင် ဗထူးတပ်နယ်ရှိ ခြေလျင်တပ်စုမှူးသင်တန်းသားများနှင့် ဗိုလ်လောင်းများအား တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) ရှိ အောင်ဆန်းခန်းမ၌ တွေ့ဆုံ၍ ဆွေးနွေးပြောကြားခဲ့ရာတွင်-

  • တပ်မတော်သားအားလုံး တိုက်ပွဲစွမ်းရည်နှင့် တိုက်ပွဲစွမ်းအားတိုးမြှင့်ရန်လိုအပ်မှု အခြေအနေများနှင့် တိုက်ပွဲစွမ်းရည်တိုးတက်မှုရှိစေရေး စစ်သင်တန်းကျောင်း များတွင် စစ်ပညာရပ်များအားကြိုးစား၍ လေ့လာ၊ လေ့ကျင့်ရန်နှင့် စစ်မြေပြင် တွင် လိုက်နာအကောင်အထည်ဖော်ရန် လိုအပ်မှုအခြေအနေများ၊
  • ရန်သူကျင့်သုံးနေသည့် စစ်နည်းဗျူဟာများကို သင်ခန်းစာဖော်ထုတ်၍ တန်ပြန် စစ်ဆင်ရေးဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများနှင့် တစ်ဦးချင်းကိုယ်စီ တိုက်ပွဲစွမ်းရည်တိုးတက်မှသာ အဖွဲ့လိုက်မှစ၍ အဆင့်ဆင့်တိုးတက်လာမည့် အခြေအနေများ၊
  • ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နှင့် ၁၃ ရက်တို့တွင် လိုအပ်ချက်အရ ဒို့တာဝန် အရေး ၃ ပါးအား ကာကွယ်စောင့်ရှောက်ရန်နှင့် နိုင်ငံအတွင်းနှင့် ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံရှိ ပဋိပက္ခနှင့် တင်းမာမှုအခြေအနေများအပေါ်မူတည်၍ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်တွင် ဥပဒေရေးသားပြီး အတည်မပြုခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေတို့နှင့်ပတ်သက်၍ အာဏာတည်သက်ဝင်စေမှု အခြေအနေများ၊
  • နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ နိုင်ငံပိုင် မီဒီယာများ၊ ရုပ်သံလွှင့်နှင့် ရေဒီယိုအစီအစဉ်များအပါအဝင် သတင်းစာများမှ တစ်ဆင့် အသိပေးအကြောင်းကြားနေသော်လည်း ဥပဒေနှင့်နည်းဥပဒေပါ အချက် အလက်များကို အကြောင်းအမျိုးမျိုးကြောင့် မလေ့လာ၊ မသိရှိ၍ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့အစည်းအသီးသီးတို့၏ မမှန်မကန် လှုံ့ဆော်ဝါဒဖြန့်စည်းရုံးမှု အပေါ် ဥပဒေမဲ့လိုက်ပါလုပ်ဆောင်ခဲ့မိပါက မိမိကိုယ်ပိုင်ဘဝ၊ မိသားစုဘဝတို့ သည်လည်း အကြောင်းမဲ့တောထဲ၊ တောင်ထဲတွင် စတေးခံကြရမည့်အဖြစ် ဆိုးများမှလည်း ကယ်တင်နိုင်မည်ဖြစ်၍ အသိနှင့်ယှဉ်ပြီး ပြောဆိုစည်းရုံးရန် လိုအပ်သည့်အခြေအနေများ၊
  • ထုတ်ပြန်ထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေတို့ကို မသိနားမလည် သူများအပေါ် ဥပဒေနှင့်မညီသော ခြိမ်းခြောက်အကျပ်ကိုင်မှုမှတစ်ဆင့် ငွေကြေး နှင့် အခြားအခွင့်အရေးများ ရယူအမြတ်ထုတ်လိုသည့် အောက်ခြေမသမာသူ အကျင့်ပျက်ဝန်ထမ်းအချို့နှင့်အဖွဲ့အစည်းအချို့ပါ ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူ နိုင်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးကြရန် လိုအပ်သည့် အခြေအနေများအား ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) ရှိ သင်တန်းသား စားရိပ်သာ၌ သင်တန်းသားများနှင့်အတူ နေ့လယ်စာကိုအတူတကွ သုံးဆောင်ခဲ့ကြပါ သည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ နည်းပြအရာရှိများ၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၄-၂၀၂၄)

  • နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ နိုင်ငံပိုင် မီဒီယာများ၊ ရုပ်သံလွှင့်နှင့် ရေဒီယိုအစီအစဉ်များအပါအဝင် သတင်းစာများမှ တစ်ဆင့် အသိပေးအကြောင်းကြားနေသော်လည်း ဥပဒေနှင့်နည်းဥပဒေပါ အချက် အလက်များကို အကြောင်းအမျိုးမျိုးကြောင့် မလေ့လာ၊ မသိရှိ၍ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့အစည်းအသီးသီးတို့၏ မမှန်မကန် လှုံ့ဆော်ဝါဒဖြန့်စည်းရုံးမှု အပေါ် ဥပဒေမဲ့လိုက်ပါလုပ်ဆောင်ခဲ့မိပါက မိမိကိုယ်ပိုင်ဘဝ၊ မိသားစုဘဝတို့ သည်လည်း အကြောင်းမဲ့တောထဲ၊ တောင်ထဲတွင် စတေးခံကြရမည့်အဖြစ် ဆိုးများမှလည်း ကယ်တင်နိုင်မည်ဖြစ်၍ အသိနှင့်ယှဉ်ပြီး ပြောဆိုစည်းရုံးရန်လို။
  • ထုတ်ပြန်ထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေတို့ကို မသိနားမလည် သူများအပေါ် ဥပဒေနှင့်မညီသော ခြိမ်းခြောက်အကျပ်ကိုင်မှုမှတစ်ဆင့် ငွေကြေး နှင့် အခြားအခွင့်အရေးများ ရယူအမြတ်ထုတ်လိုသည့် အောက်ခြေမသမာသူ အကျင့်ပျက်ဝန်ထမ်းအချို့နှင့်အဖွဲ့အစည်းအချို့ပါ ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူ နိုင်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးကြရန်လို။

Add new comment