ဧပြီလ ၂ ရက်တွင် ပြုလုပ်ခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ရေး (ဒုတိယအကြိမ်)လုပ်ငန်းညှိနှိုင်းအစည်း အဝေး၌ ရန်ကုန်တိုင်းဒေသကြီး ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ကျင်းပရေး ဦးစီးကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ပြည်သူ့ရင်ပြင်၌ အများပြည်သူပျော်ရွှင် လွတ်လပ်စွာပါဝင်ရေကစားနိုင်ရေး တိုင်းဒေသကြီးဌာနဆိုင်ရာ ရေကစားမဏ္ဍပ် ၁၀ ခု၊ လမ်းလျှောက်သင်္ကြန် ၁ ခု၊ ဖျော်ဖြေရေးမဏ္ဍပ် ၁ ခု၊ မြို့တော်ခန်းမတွင် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်အား ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ခရိုင်/ မြို့နယ်များတွင် ဗဟိုမဏ္ဍပ် ၄၃ ခု၊ ရေကစားမဏ္ဍပ် ၁၇၆ ခု၊ လမ်းလျှောက်သင်္ကြန် ၂ ခု တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေးက ပြည်သူ့ရင်ပြင်တွင် ရေပိုက်လိုင်း တပ်ဆင်ထားရှိမှု၊ လမ်းလျှောက်သင်္ကြန်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ယိမ်း အဖွဲ့များအား အခြားမဏ္ဍပ်များသို့ လှည့်လည်ကပြနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများ ရှင်းလင်း၍ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းကော်မတီအလိုက် ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကြရန်နှင့် လုံခြုံရေးအထူးဂရုပြု ဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။
မဏ္ဍပ်များတွင် ဖျော်ဖြေရေးအစီအစဉ်များ၊ စတုဒိသာကျွေးမွေးမည့် အစီအစဉ်များ ပါဝင်ကြောင်းနှင့် မြို့တော်ခန်းမရှေ့ မဟာသင်္ကြန်မဏ္ဍပ်တွင် ဌာနဆိုင်ရာ ကိုယ်စားပြု ယိမ်း အဖွဲ့များ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်အဖွဲ့များ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့များ၏ ဖျော်ဖြေမှုများဖြင့် နေ့စဉ်အလှည့်ကျ ဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၄-၂၀၂၄)
- ရန်ကုန်တိုင်းဒေသကြီးတွင် သင်္ကြန်ကာလ အများပြည်သူပျော်ရွှင်စွာရေကစားနိုင်ရန် ခရိုင်/မြို့နယ်များ၌ ဗဟိုမဏ္ဍပ် ၄၃ ခု၊ ရေကစားမဏ္ဍပ် ၁၇၆ ခု၊ လမ်းလျှောက်သင်္ကြန် ၂ ခု တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်။
Add new comment