တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

 

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင် ရေး ညွှန်ကြားရေးမှူးရုံး (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ဧပြီလ ၁ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုမြို့ရှိ အမှတ် (၂) တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ရာတွင်-

  • ပြည်သူ့ဆက်ဆံရေး (Public Relations) ဆိုသည်မှာ စစ်ဘက်-နယ်ဘက် ဆက်ဆံ ရေးအထိ သက်ရောက်မှုရှိသည့် လုပ်ငန်းတစ်ရပ်ဖြစ်ပြီး စိတ်ဓာတ်စစ်ဆင်ရေး ဟူသည် တပ်မတော် (ကြည်း၊ ရေ၊ လေ) အင်အားစုကြီးတစ်ခုလုံးကို စိတ်ဓာတ် ဖြင့် တည်ဆောက်ခြင်း၊ ပြည်သူကြားက မွေးဖွားလာသော တပ်မတော်နှင့် ပြည်သူကိုတစ်သားတည်းဖြစ်စေခြင်းဆိုသည်အထိ စွမ်းပကားရှိကြောင်း။
  • ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့ဝင်များပီပီ နိုင်ငံတော်၏ အမျိုးသားရေးမူဝါဒများကို လေးနက်စွာခံယူနားလည်ပြီး တပ်မတော်သားများ၊ တပ်မတော်သား မိသားစုဝင်များနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးပါ နိုင်ငံ ချစ်စိတ်ပိုမိုမြင့်မားလာစေရေး၊ အမျိုးသားရေးယုံကြည်ချက်၊ ခံယူချက်များ ပိုမိုတိုးတက်လာစေရေးတို့ကို တစိုက်မတ်မတ်ကြိုးပမ်း ထမ်းရွက်သွားကြရန် လိုကြောင်းကို အလေးအနက်ထား တိုက်တွန်းလိုကြောင်း။
  • အနုသုခုမနှင့်သာမက တိုက်ပွဲဝင်စည်းရုံးရေး သင်တန်းကျောင်းများ အသီးသီး ကလည်း တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်များ၏ တိုက်ပွဲဝင် စိတ်ဓာတ်မြင့်မားရေးကို အထူးအလေးထားဆောင်ရွက်သွားရန် တိုက်တွန်း လိုကြောင်း။
  • မကြာခင် စစ်မှုထမ်းကြတော့မည့် ပြည်သူ့စစ်မှုထမ်းများကိုလည်း တိုင်းချစ် ပြည်ချစ်စိတ်၊ နိုင်ငံတော်ကာကွယ်လိုစိတ် ထာဝရကိန်းအောင်းသွားစေရေး ဆောင်ရွက်သွားရန်လိုသကဲ့သို့ နောင်တာဝန်ထမ်းဆောင်ကြမည့် မျိုးဆက်သစ် နိုင်ငံသားများကိုလည်း နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်ကြမည်ဟူသည့် ခံယူချက်မျိုးဖြစ်လာရေး ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • တပ်မတော်မှ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် ကျရောက်လာမည့် မည်သည့် အန္တရာယ်မျိုးမဆို ကာကွယ်နေချိန်တွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးတပ်ဖွဲ့အနေဖြင့် တပ်မတော်မှအားကိုးရသည့် လက်ရုံးတပ်ဖွဲ့တစ်ခု ဖြစ်စေရန် တပ်ဖွဲ့ဝင်တိုင်း၏ အသိပညာ၊ အတတ်ပညာစွမ်းပကားများကို တိုးတက်အောင် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း၊
  • နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အမျိုးသားရေးမူဝါဒဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော် ရှေ့ဆက်သွားမည့်ခရီးတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်သွားကြရန် လေးလေးနက်နက် တိုက်တွန်း လိုကြောင်း ပြောကြားခဲ့ပါသည်။         

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှု အောက် တပ်မတော်ကျောင်းများမှ နိုင်ငံတော်အဆင့် ပြည်တွင်းပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများအား ဆုများပေးအပ်ချီးမြင့်ပေးအပ်ခဲ့ပြီး ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်း အမှတ် ဂုဏ်ပြုချီးမြှင့်ငွေကိုလည်းကောင်း၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဖျော်ဖြေ ပွဲတွင် ပါဝင်ကပြခဲ့ကြသော အနုပညာရှင်များနှင့် ဖျော်ဖြေရေး အဖွဲ့များအား ဂုဏ်ပြု ပန်းခြင်းကိုလည်းကောင်းပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပါသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် ပညာရေးပြခန်း၊ အမှတ် (၁) တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်ပြခန်း၊ အမှတ် (၂) တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေး တပ်ပြခန်း၊ အမှတ် (၁) တပ်မတော်အသံလွှင့်တပ်ပြခန်း၊ မြဝတီစာပေတိုက်ပြခန်း၊ မြဝတီသတင်းစာတိုက်ပြခန်းနှင့် ရတနာပုံသတင်းစာတိုက်ပြခန်းတို့ကို လှည့်လည် ကြည့်ရှု၍ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များမေးမြန်းပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး နှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၄-၂၀၂၄)

  • ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့ဝင်များပီပီ နိုင်ငံတော်၏ အမျိုးသားရေးမူဝါဒများကို လေးနက်စွာခံယူနားလည်ပြီး တပ်မတော်သားများ၊ တပ်မတော်သား မိသားစုဝင်များနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးပါ နိုင်ငံ ချစ်စိတ်ပိုမိုမြင့်မားလာစေရေး၊ အမျိုးသားရေးယုံကြည်ချက်၊ ခံယူချက်များ ပိုမိုတိုးတက်လာစေရေးတို့ကို တစိုက်မတ်မတ်ကြိုးပမ်း ထမ်းရွက်သွားကြရန် လိုကြောင်းကို အလေးအနက်ထား တိုက်တွန်းလို။
  • အနုသုခုမနှင့်သာမက တိုက်ပွဲဝင်စည်းရုံးရေး သင်တန်းကျောင်းများ အသီးသီး ကလည်း တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်များ၏ တိုက်ပွဲဝင် စိတ်ဓာတ်မြင့်မားရေးကို အထူးအလေးထားဆောင်ရွက်သွားရန် တိုက်တွန်း လို။
  • တပ်မတော်မှ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် ကျရောက်လာမည့် မည်သည့် အန္တရာယ်မျိုးမဆို ကာကွယ်နေချိန်တွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးတပ်ဖွဲ့အနေဖြင့် တပ်မတော်မှအားကိုးရသည့် လက်ရုံးတပ်ဖွဲ့တစ်ခု ဖြစ်စေရန် တပ်ဖွဲ့ဝင်တိုင်း၏ အသိပညာ၊ အတတ်ပညာစွမ်းပကားများကို တိုးတက် အောင် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်နေကြရမည်ဖြစ်။

Add new comment