ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) ၏ မြန်မာနိုင်ငံဆိုင်ရာ Chief of Mission ဖြစ်သူ Mr. Dragan Aleksoski နှင့် ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ရွှေ့ပြောင်း သွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International Organization for Migration- IOM) ၏ မြန်မာနိုင်ငံဆိုင်ရာ Chief of Mission ဖြစ်သူ Mr.Dragan Aleksoski နှင့် ကိုယ်စားလှယ်အဖွဲ့ကို ဧပြီလ ၁ ရက်တွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

  • တွေ့ဆုံစဉ် အလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုများအတွက် အကျိုးစီးပွားမြှင့် တင် ကာကွယ်ပေးရန် ဝန်ဆောင်မှုများ ထောက်ပံ့ပေးခြင်းတို့ကို ပူးပေါင်းဆောင် ရွက်ရန်စီစဉ်မှုများ၊ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ် သမားများနှင့်ပတ်သက် ၍ ကူညီစောင့်ရှောက်ပေးနိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။

တွေ့ဆုံပွဲသို့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်၍ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International Organization for Migration- IOM) ၏ Chief of Mission ဖြစ်သူ Mr. Dragan Aleksoski နှင့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၄-၂၀၂၄)

  • ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံ တကာအဖွဲ့အစည်း (IOM) ၏ မြန်မာနိုင်ငံဆိုင်ရာ Chief of Mission ဖြစ်သူ Mr. Dragan Aleksoski နှင့် ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့ပြီး အလုပ်သမား များနှင့် ၎င်းတို့၏ မိသားစုများအတွက် အကျိုးစီးပွားမြှင့်တင် ကာကွယ်ပေးရန် ဝန် ဆောင်မှုများ ထောက်ပံ့ပေးခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ရန်စီစဉ်မှုများ၊ ပြည်ပ ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်၍ ကူညီစောင့်ရှောက်ပေး နိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။

Add new comment