PDF အမည်ခံအကြမ်းဖက်အဖွဲ့များက ရဟန်းသံဃာ ၂ ပါးအား အကြောင်းအမျိုးမျိုးပြကာ ဒလန်ဟုစွပ်စွဲ၍ ရက်စက်စွာသတ်ဖြတ်

NUG ၊ CRPH  အကြမ်းဖက်အဖွဲ့များ၏ သွေးထိုးမြှောက်ပင့်ပေးမှုများကြောင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ဒေသအချို့၌ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူ များ၊ ကိုးကွယ်ဆည်းကပ်ရာဖြစ်သော သံဃာတော်များကိုပါ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိပါသည်-

  • မတ်လ ၂၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မြိုက်ကျေးရွာရှိ ဘုန်းကြီးကျောင်း၌ သီတင်းသုံးနေသည့် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဥက္ကဌ သက်တော်(၄၇) နှစ်၊ ဝါတော်(၂၅)ဝါအား PDF အမည်ခံအကြမ်းဖက်သမား များက ဒလန်ဟုစွပ်စွဲကာ  ဓါးဖြင့်ရက်စက်စွာ ထိုးခုတ်သတ်ဖြတ်ခဲ့။
  • မတ်လ ၂၉ ရက်တွင် နတ်မောက်မြို့နယ်၊ မြင်းတဲကြီးကျေးရွာအနီးရှိ မှန်ခြေရင်း တောင်တောရကျောင်း၌ တစ်ပါးတည်း သီတင်းသုံးနေထိုင်သည့် ဆရာတော် ဘဒ္ဒန္တပညာစာရ သက်တော်(၅၅)နှစ်၊ ဝါတော်(၁၀)ဝါအား PDF အမည်ခံ အကြမ်း ဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခဲ့။

၎င်းတို့အပေါ် လိုလားထောက်ခံခြင်းမရှိသော အပြစ်မဲ့ပြည်သူများကိုသာမက ကိုးကွယ်ယုံကြည်ရာဖြစ်သော ရဟန်းသံဃာများကိုပင် အကြောင်းအမျိုးမျိုးပြစွပ်စွဲ၍ သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ စုံစမ်းဖော်ထုတ် လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၄-၂၀၂၄)

  • PDF အမည်ခံအကြမ်းဖက်သမားများသည် ၎င်းတို့အပေါ် လိုလားထောက်ခံခြင်း မရှိသော ရွှေဘိုမြို့နယ်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဥက္ကဌနှင့်  နတ်မောက်မြို့နယ်မှ ဆရာတော် ဘဒ္ဒန္တပညာစာရတို့အား အကြောင်းအမျိုးမျိုးပြစွပ်စွဲ၍ သတ်ဖြတ်ခဲ့။

Add new comment