အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတိုက်ဖျက်ရေးအတွက် မြန်မာ - တရုတ် နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ခဲ့မှု

မြန်မာ - တရုတ် နှစ်နိုင်ငံအကြား အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ တိုက်ဖျက် ရေးအတွက် နှစ်နိုင်ငံတရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင် ရွက်မှုတစ်ရပ်အား ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ဆောင်ရွက်ခဲ့ကြပါသည်။

စစ်ဆင်ရေးကာလအတွင်း ၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်မှ ၃၁ ရက်အထိ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ မူဆယ်မြို့သို့ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေသည်ဟု သံသယရှိသူ တရုတ်နိုင်ငံသား ၃၅၂ ဦး (ကျား ၃၃၇ ဦး ၊ မ ၁၅ ဦး) နှင့် မြန်မာနိုင်ငံသား ၄၈၆ ဦးတို့အား ဖော်ထုတ် ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ဖမ်းဆီးရမိသော တရုတ်နိုင်ငံသား ၃၅၂ ဦးကို တရုတ်နိုင်ငံ၌ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရေးအတွက် ပြည်နှင်လွှဲပြောင်း ပေးခဲ့ရာ ၃၀၀ ဦးကို ၂၉-၃-၂၀၂၄ ရက်တွင်လည်းကောင်း၊ ၃၀ ဦးကို ၃၀-၃-၂၀၂၄ ရက်တွင်လည်းကောင်း၊ ၂၂ ဦးကို ၃၁-၃-၂၀၂၄ ရက်တွင်လည်းကောင်း မူဆယ်မြို့၊ မြန်မာ - တရုတ် နှစ်နိုင်ငံနယ်စပ်၊ မန့်ဝိန်းဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံရဲတပ်ဖွဲ့သို့ လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးခဲ့ပါသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား စုံစမ်း ဖော်ထုတ်စစ်ဆေး၍ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိပြီး အွန်လိုင်းလောင်း ကစားလုပ်ငန်းများ တားဆီးတိုက်ဖျက်ရန်အတွက် အိမ်နီးချင်းနိုင်ငံများမှ တရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြည်တွင်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၄-၂၀၂၄)

  • အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတိုက်ဖျက်ရေးအတွက် မြန်မာ - တရုတ် နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ခဲ့မှုကြောင့် တရုတ်နိုင်ငံသား ၃၅၂ ဦး (ကျား ၃၃၇ ဦး ၊ မ ၁၅ ဦး) နှင့် မြန်မာနိုင်ငံသား ၄၈၆ ဦးတို့အား ဖော်ထုတ် ဖမ်းဆီးရမိခဲ့။

Add new comment