လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေးတာဝန်များကို စွမ်းစွမ်း တမံထမ်းဆောင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက် ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ပွဲကို မတ်လ ၃၁ ရက်တွင် တိုင်းစစ်ဌာနချုပ်၊ ပင်လုံရိပ်သာ ၌ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်နိုင်နိုင်ဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ် နှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်က လုံခြုံရေးတပ်ဖွဲ့ဝင် များအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်သည့် ငွေကျပ် ၄၄၇ သိန်းနှင့် စားသောက်ဖွယ်ရာများကို ဂုဏ်ပြုပေးအပ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များကိုယ်စား တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၄-၂၀၂၄)

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ်က လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ ဂုဏ်ပြုချီးမြှင့်သည့် ငွေကျပ် ၄၄၇ သိန်းနှင့် စားသောက်ဖွယ်ရာများကို ဂုဏ်ပြုပေးအပ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များကိုယ်စား တာဝန်ရှိသူများက လက်ခံရယူခဲ့။

Add new comment