တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှု များဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံ တကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်း မျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-
- ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် တစ်အိမ်တည်းမှ သားနှင့်သား မက်ဖြစ်သူနှစ်ဦးလုံးကို စစ်မှုထမ်းဆောင်ရန်ခေါ်ဆောင်ခံရသဖြင့် မိခင်ဖြစ်သူမှ မိမိ ကိုယ်ကိုသတ်သေမှုဖြစ်ကာ ဆေးရုံတင်ထားရသည့် သတင်းအမှားနှင့်ပတ်သက်ပြီး ဖြစ်စဉ်အမှန်မှာ ၎င်းနှစ်ဦးသည် စစ်မှုထမ်းဆောင်ရန် အကျုံးဝင်သည့်အတွက် စာရင်းပေးသွင်းခံရခြင်းဖြစ်ပြီး ယခုလက်ရှိတွင်လည်း ၎င်းတို့နေအိမ်တွင် နေထိုင် လျက်ရှိ။
- မြောက်ဥက္ကလာပမြို့နယ် ဌ ရပ်ကွက်အတွင်းနေအိမ်များရှိ စစ်မှုထမ်းရန် မဲပေါက်သည့် လူငယ်များကို ဖမ်းဆီးသွားသည့် သတင်းအမှားနှင့်ပတ်သက်ပြီး ဖြစ်စဉ်အမှန်မှာ မတ်လ ၂၉ ရက်တွင် ဌ ရပ်ကွက်အတွင်းမှ စစ်မှုထမ်းရန်အတွက် Volunteer ဝင်ရောက်လိုကြောင်း ကိုယ်တိုင်ဆန္ဒပြုသူ ၁၁ ဦးမှ မော်တော်ယာဉ်တစ်စီးဖြင့် စုစည်း၍ သတင်းပို့ရမည့် အုပ်ချုပ်မှုဆိုင်ရာရုံးသို့ လာရောက်သတင်းပို့ခြင်းသာဖြစ်။
- စစ်ကိုင်း-မင်းကွန်းသွားလမ်းပိုင်း၌ မတ်လ ၂၉ ရက်နေ့ ညနေခင်းလုပ်ငန်းမှ ပြန်လာသည့် ပြည်သူ ၅၀ ခန့်ကို ဖမ်းဆီးခဲ့ပြီး ငွေဖြင့် ပြန်ရွေးခိုင်းခဲ့ပြီး မရွေးနိုင် သူများအား စစ်မှုထမ်းရန် ခေါ်ဆောင်သွားသည့် သတင်းအမှားနှင့်ပတ်သက်၍ ဖြစ်စဉ်အမှန်မှာ စစ်ကိုင်းမြို့ပေါ်ရှိ နေရာအချို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အဖွဲ့ဝင်များနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လမ်းအသုံးပြုသူ မိဘပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာ ပေးခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်မှု စစ်ဆေးခြင်း များအား ဆောင်ရွက်ခဲ့ခြင်းသာဖြစ်။
ပြည်သူ့စစ်မှုထမ်းဥပဒေစတင်အာဏာတည်သည့်နေ့မှစ၍ တရားမဝင် ပြည်ဖျက် မီဒီယာများက ပြည်သူများစိုးရိမ်ထိတ်လန့်စေရန် လုပ်ကြံသတင်းများရေးသားဖြန့်ဝေ ခြင်း၊ သတင်းအတု၊ သတင်းအမှားများဖြင့် မဟုတ်မမှန်စွပ်စွဲ ရေးသားခြင်းများကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လျက်ရှိပြီး နိုင်ငံသူ၊ နိုင်ငံသားများ စစ်ပညာတတ်ကျွမ်း နားလည်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန် ပြည်ဖျက်မီဒီယာ များနှင့် အကြမ်းဖက်သမားများက ကြောက်ရွံ့ထိတ်လန့်နေသည့်အတွက် မဟုတ်မမှန် လုပ်ကြံရေးသားနေခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၁-၃-၂၀၂၄)
- သင်္ဃန်းကျွန်းမြို့နယ်တွင် တစ်အိမ်တည်းမှ သားနှင့်သား မက်ဖြစ်သူနှစ်ဦးလုံးကို စစ်မှုထမ်းဆောင်ရန်ခေါ်ဆောင်ခံရသဖြင့် မိခင်ဖြစ်သူမှ သတ်သေမှုဖြစ်ကာ ဆေးရုံ တင်ထားရသည့် သတင်းမှာ အမှားဖြစ်ပြီး ၎င်းနှစ်ဦးသည် ယခုလက်ရှိတွင်လည်း ၎င်းတို့နေအိမ်တွင် နေထိုင်လျက်ရှိ။
- မြောက်ဥက္ကလာပမြို့နယ် ဌ ရပ်ကွက်အတွင်းနေအိမ်များရှိ စစ်မှုထမ်းရန် မဲပေါက်သည့် လူငယ်များကို ဖမ်းဆီးသွားသည့် သတင်းအမှားနှင့်ပတ်သက်ပြီး ဖြစ်စဉ်အမှန်မှာ ကိုယ်တိုင်ဆန္ဒပြုသူ ၁၁ ဦးမှ မော်တော်ယာဉ်တစ်စီးဖြင့် စုစည်း၍ သတင်းပို့ရမည့် အုပ်ချုပ်မှုဆိုင်ရာရုံးသို့ လာရောက်သတင်းပို့ခြင်းသာဖြစ်။
- စစ်ကိုင်း-မင်းကွန်းသွားလမ်းပိုင်း၌ မတ်လ ၂၉ ရက်နေ့ ညနေခင်းလုပ်ငန်းမှ ပြန်လာသည့် ပြည်သူများကို ဖမ်းဆီးခဲ့ပြီး ငွေဖြင့် ပြန်ရွေးခိုင်းခဲ့ပြီး မရွေးနိုင် သူများအား စစ်မှုထမ်းရန် ခေါ်ဆောင်သွားသည့် သတင်းအမှားနှင့်ပတ်သက်၍ ဖြစ်စဉ်အမှန်မှာ မိဘပြည်သူများအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး အတွက် အသိပညာပေးခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာ ဆောင်ရွက်မှုစစ်ဆေးခြင်းများအား ဆောင်ရွက်ခဲ့ခြင်းသာဖြစ်။
Add new comment