အိန္ဒိယနိုင်ငံ အိန္ဒိယလေတပ်ပညာရှင် Wg Cdr Savitesh Chandler Mishra ဦးဆောင်သောအဖွဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညို

အိန္ဒိယနိုင်ငံ အိန္ဒိယလေတပ်ပညာရှင် Wg Cdr Savitesh Chandler Mishra ဦး ဆောင်သောအဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား    မတ်လ ၃၀ ရက်တွင် လာရောက်ဖူးမြော်ကြည်ညိုခဲ့ပါသည်။

အိန္ဒိယနိုင်ငံ အိန္ဒိယလေတပ်ပညာရှင် Wg Cdr Savitesh Chandler Mishra ဦးဆောင်သောအဖွဲ့အား မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထား    ပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့သည့် ဗီဒီယိုမှတ်တမ်းများကို ရှင်းလင်းပြသခဲ့ပါသည်။

ထို့နောက် ဘုရားဖူးအဖွဲ့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များ၊ ဗိသုကာလက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များ၊                     သုဓမ္မာဇရပ်များ၊ မုစလိန္ဒအိုင်နှင့် အခြားသာသနိကအဆောက်အဦများကို ဖူးမြော်လေ့လာကြည်ညိုခဲ့ကြကြောင်း သိရှိရပါသည်။  

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၁-၃-၂၀၂၄)

  • အိန္ဒိယနိုင်ငံ အိန္ဒိယလေတပ်ပညာရှင်ဦးဆောင်သောအဖွဲ့ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုခဲ့ပြီး ဂန္ဓကုဋိတိုက်များ၊ အဂ္ဂါဓိ ပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒအိုင်နှင့် အခြားသာသနိကအဆောက်အဦများကို ဖူးမြော်လေ့လာကြည်ညိုခဲ့။

Add new comment