ရုရှားဖက်ဒရေးရှင်းနိုင်ငံ Novosibirsk မြို့၌ ရောက်ရှိနေသည့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် Rosatom မှ တာဝန်ရှိသူများနှင့်အတူ မတ်လ ၂၉ ရက်တွင် Novosibirsk State Technical University နှင့် Nuclear Energy Information Center တို့သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်-
- Novosibirsk State Technical University ၌ တက္ကသိုလ်ပါမောက္ခချုပ်၊ တာဝန်ရှိ သူများနှင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ကိစ္စရပ်များ၊ သုတေသနလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်သွားရေးနှင့် ပညာတော်သင်များ စေလွှတ်နိုင်ရေးကိစ္စရပ်များကို အပြန် အလှန်ဆွေးနွေးခဲ့။
- တက္ကသိုလ်စာသင်ဆောင်များ၊ သုတေသနပြခန်းများ၊ သိပ္ပံနှင့်နည်းပညာ ဘာသာ ရပ်အပါအဝင် ဘာသာရပ်ဆိုင်ရာ သုတေသနပြုတွေ့ရှိချက်များနှင့် သင်ကြားမှု၊ သင်ယူမှု အထောက်အကူပစ္စည်းများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့။
- Nuclear Energy Information Center ၌ နည်းပညာဆိုင်ရာ တီထွင်ဖန်တီးမှု များကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ရာ ၎င်း Center မှ တာဝန်ရှိသူများက စွမ်းအင်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ဖြန့်ဝေမှု၊ ပြည်သူလူထု အတွင်း အသိပညာပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ တက္ကသိုလ်များ နှင့် ပူးပေါင်းဆောင်ရွက်မှု၊ သိပ္ပံနှင့်နည်းပညာကဏ္ဍမြှင့်တင်ရေးလုပ်ငန်းများနှင့် မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသည့် နျူကလီးယားနည်းပညာသတင်းအချက်အလက် စင်တာ၏ လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၁-၃-၂၀၂၄)
- ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် Novosibirsk State Technical University နှင့် Nuclear Energy Information Center တို့သို့ သွားရောက် လေ့လာခဲ့ပြီး သိပ္ပံနှင့်နည်းပညာဆိုင်ရာ ကိစ္စရပ်များ၊ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားရေးနှင့် ပညာတော်သင်များ စေလွှတ်နိုင်ရေးကိစ္စရပ်များ ကို အပြန်အလှန်ဆွေးနွေးခဲ့။
Add new comment