ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်မှ မိမိသဘောဆန္ဒအရ စစ်မှုထမ်းဆောင်မည့်သူများအား လှိုက်လှဲစွာကြိုဆို

မတ်လ ၃၀ ရက်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ  မြို့နယ် ရှစ်မြို့နယ် ရပ်ကွက်/ကျေးရွာများမှ ပြည်သူ့စစ်မှုထမ်းရန် အကျုံးဝင်သူများသည် မိမိတို့သဘောဆန္ဒအရ သက်ဆိုင်ရာမြို့နယ် ပြည်သူ့စစ်မှုထမ်း မှတ်ပုံတင်ရုံးများ၌ သတ်မှတ်ပုံစံများ ဖြည့်သွင်းမှုများအား နေပြည်တော်ကောင်စီမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အားပေးစကားပြောကြားခဲ့ကာ မိမိသဘောဆန္ဒအရ    စစ်မှုထမ်းဆောင်မည့်သူများကို ထောက်ပံ့ငွေများနှင့်  အသုံးအဆောင်ပစ္စည်းများကို ပေးအပ်၍ နေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ကြပါသည်။

တာဝန်ရှိသူများက မိမိသဘောဆန္ဒအရ စစ်မှုထမ်းဆောင်မည့်သူများကို  သတ်မှတ်ထားသည့် စစ်ဆေးမှုများပြုလုပ်ရန်အတွက် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ရာ တပ်မတော်မှ တာဝန်ရှိသူများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါသည်။

စစ်မှုထမ်းရန် မိမိသဘောဆန္ဒအရ စာရင်းပေးထားသူများအနေဖြင့် တပ်ကုန်း မြို့နယ်မှ ၇ ဦး၊ ဥတ္တရသီရိမြို့နယ်မှ ၂၆ ဦး၊ ပုဗ္ဗသီရိမြို့နယ်မှ ၃၀ ဦး၊ ဇေယျာသီရိ မြို့နယ်မှ ၁၂ ဦး၊ ပျဉ်းမနားမြို့နယ်မှ ၅၆ ဦး၊ ဇမ္ဗူသီရိမြို့နယ်မှ ၁၂ ဦး၊ ဒက္ခိဏသီရိ မြို့နယ်မှ ၃၅ ဦး၊ လယ်ဝေးမြို့နယ်မှ ခြောက်ဦး စုစုပေါင်း ၁၈၄ ဦးရှိပြီး ၎င်းတို့အနက်မှ သတ်မှတ်ထားသည့် စစ်ဆေးမှုများနှင့် ကိုက်ညီသူများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)တွင်  တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း                  သိရှိ ရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၃-၂၀၂၄)

  • ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်မှ မိမိသဘောဆန္ဒအရ စစ်မှုထမ်းဆောင်မည့်သူများအား တာဝန်ရှိသူများက ထောက်ပံ့ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး သတ်မှတ်ထားသည့် စစ်ဆေးမှုများ ပြုလုပ်ရန်အတွက် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ရာ တပ်မတော်မှ တာဝန်ရှိသူများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့။
  • စစ်မှုထမ်းရန် မိမိသဘောဆန္ဒအရ စာရင်းပေးထားသူများအနေဖြင့် တပ်ကုန်း မြို့နယ်မှ ခုနစ်ဦး၊ ဥတ္တရသီရိမြို့နယ်မှ ၂၆ ဦး၊ ပုဗ္ဗသီရိမြို့နယ်မှ ၃၀ ဦး၊ ဇေယျာ သီရိမြို့နယ်မှ ၁၂ ဦး၊ ပျဉ်းမနားမြို့နယ်မှ ၅၆ ဦး၊ ဇမ္ဗူသီရိမြို့နယ်မှ ၁၂ ဦး၊ ဒက္ခိဏသီရိ မြို့နယ်မှ ၃၅ ဦး၊ လယ်ဝေးမြို့နယ်မှ ခြောက်ဦး စုစုပေါင်း ၁၈၄ ဦး ရှိပြီး ၎င်းတို့အနက်မှ သတ်မှတ်ထားသည့် စစ်ဆေးမှုများနှင့် ကိုက်ညီသူများ သည် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)တွင်          တက်ရောက်ခွင့်ရမည်ဖြစ်။

Add new comment