ဒေသခံတိုင်းရင်းသားပြည်သူတို့၏ ပူးပေါင်းပါဝင်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဆီဆိုင်မြို့အား အမြန်ဆုံး ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်၊ ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်မြို့အပါအဝင် ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ ရှိ ပအိုဝ်းတိုင်းရင်းသားများနေထိုင်ရာ ကျေးရွာများသို့ KNPP ၊ KNDF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ သွေးထိုးမြှောက်ပင့်စည်းရုံးမှုများကြောင့် PNLO အဖွဲ့ သည် အဆိုပါအဖွဲ့များနှင့်အတူ အင်အားစုစည်း၍ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေ ရန်အတွက် ဖေဖော်ဝါရီလ ၁၆ ရက်မှစ၍ ကျေးရွာသူကျေးရွာသားများအသွင်ဖြင့် စိမ့်ဝင် ပုံဖျက်ဝင်ရောက်ပြီးနောက် ဒေသအချို့ရှိ တပ်မတော်တပ်စခန်းများ၊ လုံခြုံရေးတပ်ဖွဲ့ များ၏ တပ်ဌာနချုပ်များအား ဝင်ရောက်တိုက်ခိုက်ခြင်း၊ ကျေးရွာများအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်သတ်ဖြတ်ခြင်း၊ ဒေသခံတိုင်းရင်းသားများ ပိုင်ဆိုင်သည့်ပစ္စည်းများအား အတင်းအဓမ္မ လုယက် ယူဆောင်ခြင်းစသည့် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသခံတိုင်းရင်းသားများအနေဖြင့်        ဘေးလွတ်ရာနေရာများသို့ ယာယီနေရပ်စွန့်ခွာ နေထိုင်ခဲ့ကြရပါသည်။

အဆိုပါဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများကို နယ်မြေခံတပ်မတော်သားများက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများအားလုံးမှ ပူးပေါင်း၍ ၃၂ ရက်ကြာ အစွမ်းကုန် သောင်းကျန်းသူ   ချေမှုန်းရေးအား ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခုအခါ ပြန်လည်တည်ငြိမ်အေးချမ်းလာပြီဖြစ်သည့်အတွက် ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားများသည် ၎င်းတို့၏ သက်ဆိုင်ရာကျေးရွာများသို့ ပြန်လည်အခြေချ ဝင်ရောက်နေထိုင်လျက်      ရှိပါသည်။

  • မတ်လ ၂၉ ရက်တွင် အကြမ်းဖက်သောင်းကျန်းသူများ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခဲ့သည့် ဆီဆိုင်မြို့အတွင်း ပျက်စီးသွားသော လူနေရပ်ကွက်၊ သာသနိကအဆောက်အဦ၊ ကျန်းမာရေးနှင့်ပညာရေးစသည့် အရေးကြီး  နေရာများအား နယ်မြေခံတပ်မတော်သားများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စုပေါင်း         သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့။
  • ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် နိုင်နိုင်ဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံအမှာ စကားပြောကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ မြို့ဂုဏ်ဆောင်မွေတော် ဘုရားကြီးအတွက် အလှူငွေများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့။

ယခုကဲ့သို့ ဆီဆိုင်ဒေသကို PNLO ၊ KNDF ၊ KPDF အကြမ်းဖက်ပူးပေါင်းအဖွဲ့များ၏လက်မှ အမြန်ဆုံးပြန်လည်ရယူထိန်းချုပ်နိုင်ခဲ့ပြီး နိုင်ငံတော်အစိုးရ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ခြင်းသည် ဒေသခံတိုင်းရင်းသား ပြည်သူတို့အနေဖြင့် တပ်မတော်၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် အားတက်သရော အသက်စွန့်၍ ဒေသအကျိုးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းကြောင့်ပင်ဖြစ်ကြောင်း သိရှိရပါ သည်။  

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၃-၂၀၂၄)

  • ဒေသခံတိုင်းရင်းသားပြည်သူတို့၏ ပူးပေါင်းပါဝင်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဆီဆိုင်မြို့အား အမြန်ဆုံး ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး အကြမ်းဖက်သောင်းကျန်း သူများ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခဲ့သည့် ဆီဆိုင်မြို့အတွင်း ပျက်စီးသွား သော လူနေရပ်ကွက်၊ သာသနိကအဆောက်အဦ၊ ကျန်းမာရေးနှင့်ပညာရေး စသည့် အရေးကြီးနေရာများအား နယ်မြေခံတပ်မတော်သားများက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊ ဒေသခံ တိုင်းရင်းသားများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စုပေါင်းသန့် ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ထောက် ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့။

Add new comment