(၇၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင်ပါဝင်ခဲ့သည့် စစ်ရေးပြ စစ်ကြောင်းများမှ အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုဖျော်ဖြေပွဲကျင်းပ

(၇၉)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက် စစ်ရေးပြကြခဲ့ကြသည့် စစ်ကြောင်းများမှ အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုဖျော်ဖြေပွဲကို မတ်လ ၂၈ ရက်တွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဖျော်ဖြေပွဲတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြား ရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ဖွဲ့နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ အနုပညာရှင်များ၊ နိုင်ငံကျော်အနုပညာရှင်များနှင့် တေးသံရှင်များက  ဇာတိမာန်နှင့်မျိုးချစ်စိတ်ကို တက်ကြွစေမည့် တေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများ၊ အကအလှများ၊ ဟာသပျက်လုံးများဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။

ထိုသို့ သီဆိုကပြဖျော်ဖြေနေမှုများကို စစ်ကြောင်းများမှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်အတူ တပ်မတော်အရာရှိကြီးများနှင့် အဖွဲ့ဝင်များကလည်း သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း  သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၃-၂၀၂၄)

  • (၇၉)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် ပါဝင်ခဲ့သည့် စစ်ရေး ပြစစ်ကြောင်းများမှ အရာရှိ၊ စစ်သည်များအား နယ်လှည့်ပြည်သူ့ဆက်ဆံရေး  တပ်ဖွဲ့နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ အနုပညာရှင်များ၊ နိုင်ငံကျော် အနုပညာရှင်များနှင့် တေးသံရှင်များက  ဇာတိမာန်နှင့်မျိုးချစ်စိတ်ကို တက်ကြွစေမည့် တေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများ၊ အကအလှများ၊ ဟာသပျက်လုံးများဖြင့် လာရောက်ဂုဏ်ပြုဖျော်ဖြေခဲ့။

Add new comment