အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့၏ ကိုယ်စားလှယ်များ၊ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို မတ်လ ၂၈ ရက်တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပခဲ့ပါသည်။

          တွေ့ဆုံဆွေးနွေးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ ပအိုဝ်းအမျိုးသား လွတ် မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဦးခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ဥက္ကဋ္ဌစောမြရာဇာလင်း၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)မှ ဒုတိယ ဥက္ကဋ္ဌ ကျာဖူး၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)မှ စောကျော်သန်းဌေး၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စောမောင်မောင်၊ မွန်ပြည်သစ်ပါတီ (NMSP) မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဝင် စဝ်ဆောင်းဟန်တို့ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

  • တွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင် မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က NCA နှင့် စပ်လျဉ်းသည့် ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်များအား ထပ်ဆင့် ရှင်းလင်းဆွေး နွေးခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ တပ်မတော် ၏ ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒ ၆ ရပ်နှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့။
  • တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုယ်စား ရခိုင် ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်းက ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ စဉ်ဆက်မပြတ်ဖြစ်ပေါ်လာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံ သော ပြည်ထောင်စုတည်ဆောက်နိုင်ရေးကိစ္စများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦး ဆောင်အဖွဲ့(PPST) အား ပြင်ဆင်ဖွဲ့စည်းခြင်းကိစ္စများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့။

          ထို့နောက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စများနှင့်ပတ် သက်၍လည်းကောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် INGO အဖွဲ့တို့အကြား အကောင်အထည်ဖော်ဆောင်ရွက်မည့် “မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လိုအပ်သောအကူအညီများ ပေးအပ်နိုင်ရေး စီမံကိန်း” လျာထားဆောင်ရွက်နိုင်မည့် အခြေအနေများကိုလည်းကောင်း အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

           မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲကို ဆက် လက်ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ် ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေး ပါတီ ၄၃ ပါတီမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

  • တွေ့ဆုံရာတွင် ညှိနှိုင်းရေးကော်မတီနှင့်ဆက်လက်တွေ့ဆုံဆွေးနွေးမည့် နိုင်ငံရေး ပါတီများ အစုအဖွဲ့နှင့်အလုပ်အဖွဲ့တို့ ဖွဲ့စည်းနိုင်ရေးကိစ္စများ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) မှ ပြင်ဆင်ရန်သင့်သည့် အချက်များ၊ ညှိနှိုင်းရေးကော်မတီ ၏ Vision နှင့် Mission များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးမှုအခြေအနေများနှင့် NCA ၏ မဟာဗျူဟာ ၃ ရပ်နှင့်အညီ ဆောင်ရွက် မှုအခြေအနေများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ လည်းကောင်း ရှင်းလင်း ပြောကြားခဲ့ရာ တက်ရောက်လာကြသူများက မိမိတို့၏ သဘောထားအမြင်များ၊ အကြံပြုချက်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။  

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၃-၂၀၂၄)

  • အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ ၏ ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးရေးကိစ္စများ၊ လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ တပ်မတော်၏ ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒ ၆ ရပ်နှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့။
  • မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) မှ ပြင်ဆင်ရန်သင့်သည့်အချက်များ၊ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုအခြေအနေများနှင့် NCA ၏ မဟာဗျူဟာ ၃ ရပ်နှင့်အညီ ဆောင်ရွက်မှုအခြေအနေများ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ ဆွေးနွေးခဲ့။

Add new comment