ပဲခူးမြို့၌ ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲကျင်းပ

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲကို ဇန်နဝါရီလ ၂၄ ရက်တွင် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ကျင်းပခဲ့ပါသည်။

အခမ်းအနား၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက-

  • နိုင်ငံတော်၏အနာဂတ်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် နိုင်ငံသားတိုင်း ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် မိမိတို့ ဝန်ကြီးဌာနမှ နိုင်ငံနှင့်အဝန်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊၊

  • ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ်၊ မေ (၃)ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၃)ရက် အထိ (၁၈)လကြာ ဆောင်ရွက်ရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃ ဒသမ ၈) သန်းကျော် ဆောင်ရွက်ပေးရန် လျာထားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊၊

  • ပဲခူးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၅၉,၅၇၆) ကတ်လျာထားဆောင်ရွက်ခဲ့ရာ ယခုအထိ (၁၆၇,၉၈၇) ကတ်ပြီးစီးနေ ပြီဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် (၁၀၅ ဒသမ ၂၇) ရာခိုင်နှုန်းပြီးစီးပြီဖြစ်သဖြင့် လျာထားချက်ရာနှုန်းပြည့် ပြီးမြောက်ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း။

ပြည်ထောင်စုဝန်ကြီးသည် ပန်းခင်းစီမံချက်ကို တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း(၂၀)ကို တိုင်းဦးစီးမှူးထံသို့လည်းကောင်း ပေးအပ်ပြီးနောက် ပန်းခင်းစီမံချက်အား ထူးထူးချွန်ချွန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအား တစ်ဆင့်မြှင့်ရာထူးတိုးမြှင့်ပေးကာ ရာထူးအဆင့်များကို တပ်ဆင်ပေးခဲ့ကြောင်း သိရှိရပါသည်၊၊

  • ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ်၊ မေ (၃)ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၃)ရက် အထိ (၁၈)လကြာ ဆောင်ရွက်ရန်နှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၃ ဒသမ ၈) သန်းကျော် ဆောင်ရွက်ပေးရန် လျာထားခဲ့၊၊

  • ပဲခူးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၅၉,၅၇၆) ကတ် လျာထားဆောင်ရွက်ခဲ့ရာ ယခုအထိ (၁၆၇,၉၈၇) ကတ် ပြီးစီးနေ ပြီဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် (၁၀၅ ဒသမ ၂၇) ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်သဖြင့် လျာထားချက်ရာနှုန်းပြည့် ပြီးမြောက်ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့၊၊

 

Add new comment