ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Mongkol Visitstump ကိုလက်ခံတွေ့ဆုံ

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump ကို မတ်လ ၂၈ ရက်တွင် အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးဆိုင် ရာများနှင့် ခရီးသွားမြှင့်တင်ကြော်ငြာရေးဆိုင်ရာကိစ္စရပ်များ၊ အဏ္ဏဝါခရီးသွားလုပ်ငန်း အပါအဝင် ခရီးသွားလုပ်ငန်းအမျိုးအစားများ အတူတကွ ဖော်ထုတ်မြှင့်တင်၍ နယ်စပ် ဖြတ်ကျော် ခရီးသွားလုပ်ငန်းနှင့် နှစ်နိုင်ငံခရီးသွားဧည့်သည်များ လွယ်ကူချောမွေ့စွာ ဝင်ရောက်လည်ပတ်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလုပ် ငန်းကဏ္ဍတွင် ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်ရေး၊ ခရီးစဉ်များ တိုးချဲ့ရေးဆွဲ နိုင်ရေး၊ ထိုင်းခရီးသွားဧည့်သည်များ ငွေကြေးသုံးစွဲမှု အဆင်ပြေစေရေးနှင့် နှစ်နိုင်ငံ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်း စွာဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ ဘာသာရပ်တာဝန်ခံများ ပါဝင်တက်ရောက်ကြကြောင်း သိရှိရပါသည်။  

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၃-၂၀၂၄)

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးကို လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာများနှင့် ခရီးသွားမြှင့်တင်ကြော်ငြာရေးဆိုင်ရာကိစ္စရပ်များ၊ နယ်စပ် ဖြတ်ကျော် ခရီးသွားလုပ်ငန်းနှင့် နှစ်နိုင်ငံ ခရီးသွားဧည့်သည်များ လွယ်ကူချော မွေ့စွာ ဝင်ရောက်လည်ပတ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ခရီးသွားလုပ်ငန်းတွင် ရင်း နှီးမြှုပ်နှံသူများ ဖိတ်ခေါ်ရေးဆိုင်ရာ ကိစ္စများအား ဆွေးနွေးခဲ့။

Add new comment