(၃၁)ကြိမ်မြောက် အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီဝန်ကြီးများအဆင့် အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ တက်ရောက်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံ ခေါင်းဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန် ယူထားသည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ ကြီးမှူး၍ မတ်လ ၂၃ ရက်မှ ၂၆ ရက်အထိ လာအိုနိုင်ငံ၊ လွမ်ပရာဘန်မြို့၌ ကျင်းပခဲ့သည့် (၃၁) ကြိမ်မြောက် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီဝန်ကြီးများအဆင့်အစည်းအဝေး (The 31st Meeting of the ASEAN Socio-Cultural Community (ASCC) Council) သို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေး၌ လာအိုနိုင်ငံ၊ အာဆီယံလူမှု-ယဉ်ကျေးမှုဝန်ကြီး၊ ယဉ်ကျေးမှု၊ ခရီးသွားနှင့် ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး Mrs. Sunanesavanh VIGNAKET က သဘာပတိအဖြစ်ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တီမောလက်စ်တေနိုင်ငံ တို့မှ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်း ကောင်စီဝန်ကြီးများ၊ အာဆီယံအဆင့်မြင့်အရာရှိ ကြီးများ၊ လာအိုနိုင်ငံ၊ အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်၏ ဆက်စပ် ဝန်ကြီးဌာနများမှဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ ဒုတိယအတွင်းရေးမှူးချုပ် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင်-

  • အိမ်ရှင်လာအိုနိုင်ငံက ၂၀၂၄ ခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်မည့်လုပ်ငန်းစဉ် များ၊ ၂၀၂၅ အလွန် အာဆီယံ-လူမှုယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်၏ မဟာဗျူဟာ အစီအစဉ်ရေးဆွဲရေးလုပ်ငန်းစဉ်များ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ (၄၄) ကြိမ်နှင့် (၄၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့တင်ပြမည့် မှတ်တမ်းမှတ် ရာများ၊ အစည်းအဝေးအစီရင်ခံစာများ၊ ကြေညာချက်များနှင့် (၃၁) ကြိမ်မြောက် အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ၏ မှတ်တမ်းအကျဉ်းချုပ်တို့ ကို အတည်ပြုနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့။
  • ဒုတိယဝန်ကြီးက ၂၀၂၄ ခုနှစ် လာအိုနိုင်ငံ အာဆီယံအလှည့်ကျတာဝန်ယူစဉ် အကောင်အထည်ဖော်ဆောင်ရွက်မည့် လူမှုယဉ်ကျေးမှုဆိုင်ရာ ဦးစားပေးလုပ်ငန်း များကို တက်ရောက်လာကြသည့် အာဆီယံအသိုက်အဝန်းကောင်စီဝန်ကြီးများ နှင့်အတူ ကြိုဆိုထောက်ခံကြောင်း ဆွေးနွေးပြောကြားခဲ့။

လွမ်ပရာဘန်မြို့သို့ ရောက်ရှိနေစဉ် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ဆွမ်းလောင်းလှူပွဲ၊ Xieng Thong Temple လွမ်ပရာဘန်မြို့အမျိုးသားပြတိုက်နှင့် Tat Kuang Si ရေတံခွန်များ သို့ သွားရောက်လေ့လာခဲ့ကြကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၃-၂၀၂၄)

  • (၃၁) ကြိမ်မြောက် အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီဝန်ကြီးများ အဆင့်အစည်းအဝေးတွင် ၂၀၂၄ ခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ၂၀၂၅ အလွန် အာဆီယံ-လူမှုယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်၏ မဟာဗျူ ဟာ အစီအစဉ်ရေးဆွဲရေးလုပ်ငန်းစဉ်များ၏ ဖြစ်ပေါ်တိုးတက်မှုများအား ဆွေးနွေးခဲ့။

Add new comment