(၇၉)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ကြသည့် အငြိမ်းစား တပ်မတော်အရာရှိကြီးများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဦးဆောင်သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ဂါရဝပြုကန်တော့

(၇၉) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ကြသည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများအား တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစု များက ဂါရဝပြုကန်တော့သည့် အခမ်းအနားကို မတ်လ ၂၇ ရက်တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂါရဝပြုစကား ပြောကြားခဲ့ရာတွင်-

  • လက်ရှိအချိန်တွင် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေရခြင်းဖြစ်ပါကြောင်း။
  • အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တိုင်းရင်းသားရေးနှင့် နိုင်ငံရေးကိုကြောင်းပြ၍ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိပါ ကြောင်း။
  • တပ်မတော်အနေဖြင့် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ ပြည်ထောင်စုကြီးမပြိုကွဲရေးအတွက် ဥပဒေနှင့်အညီသာ ထိန်းထိန်းသိမ်းသိမ်း ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။
  • နိုင်ငံတော်တွင်ဖြစ်ပေါ်နေသည့် အခြေအနေများအရ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ထာဝရတည်ငြိမ်အေးချမ်းသည့် ပြည်ထောင်စုကြီးဖြစ်စေရေး တပ်မတော်အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း။
  • ဗုဒ္ဓဘာသာအစဉ်အလာနှင့်အညီ ယခုကဲ့သို့ အထက်အောက်ရိုသေလေးစားမှုဖြင့် ကျေးဇူးတရားကိုသိရှိစွာဂါရဝပြု ကန်တော့ခြင်းသည် မိမိတို့တပ်မတော်၏ အစဉ်အလာကောင်းတစ်ခုပင်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ တက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများကိုယ်စား အငြိမ်းစားတပ်မတော် အရာရှိကြီးများအား မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာနှင့်အညီ ရိုသေစွာဖြင့် ဂါရဝပြု ကန်တော့ခဲ့ကြပြီး အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများထံ ဂါရဝပြု လက်ဆောင်ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ ရိုသေစွာဂါရဝပြု ပေးအပ်ခဲ့ကြပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တပ်မတော်အရာရှိကြီးတို့က အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့်ဇနီး များနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြပါ သည်။

အဆိုပါ ဂါရဝပြုကန်တော့သည့် အခမ်းအနားသို့ အငြိမ်းစားတပ်မတော်အရာရှိ ကြီး ၁၆ ဦးနှင့် ဇနီး ၁၀ ဦးတို့ကန်တော့ခံတက်ရောက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့ဦးဆောင်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက တက်ရောက်ဂါရဝပြု ကန်တော့ခဲ့ ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၃-၂၀၂၄)

  • အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တိုင်းရင်းသားရေးနှင့် နိုင်ငံရေးကိုကြောင်းပြ၍ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိ။
  • တပ်မတော်အနေဖြင့် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ ပြည်ထောင်စုကြီးမပြိုကွဲရေးအတွက် ဥပဒေနှင့်အညီသာ ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်လျက်ရှိ။
  • နိုင်ငံတော်တွင်ဖြစ်ပေါ်နေသည့် အခြေအနေများအရ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ထာဝရတည်ငြိမ်အေးချမ်းသည့် ပြည်ထောင်စုကြီးဖြစ်စေရေး တပ်မတော်အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိ။

Add new comment