(၇၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကျင်းပ

(၇၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ ညပိုင်းတွင် နေပြည်တော်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုး မဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ ပါသည်။

 စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်ကြမည့် စစ်ကြောင်းမှူးများဦးဆောင်သည့် အနော်ရထာစစ်ကြောင်း၊ ကျန်စစ်သားစစ်ကြောင်း၊ ဘုရင့်နောင်စစ်ကြောင်း၊ အောင်ဇေယျ စစ်ကြောင်း၊ ဆင်ဖြူရှင်စစ်ကြောင်း၊ ဗန္ဓုလစစ်ကြောင်း၊ အောင်ဆန်းစစ်ကြောင်းတို့သည် စစ်တီးဝိုင်းအဖွဲ့များနှင့်အတူ စစ်ရေးပြကွင်းအတွင်းသို့ အစီအစဉ်အတိုင်း ချီတက်ကြ ပါသည်။

ထိုသို့ချီတက်ချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ၏ ဇနီး ဒေါ်သန်းသန်းနွယ်၊ တပ်မတော်အရာရှိကြီးများ၏ ဇနီးများ၊ အရာရှိ၊ စစ်သည်မိသားစုများ၊ ရုပ်ရှင်ဂီတ အနု ပညာရှင်များ၊ ဒေသခံပြည်သူများက စစ်ကြောင်းကြီးများချီတက်ရာ လမ်းတစ်လျှောက် သောင်းသောင်းဖြဖြကြိုဆိုကာ ဂုဏ်ပြုပန်းကုံးများစွပ်၍ ကြိုဆိုခဲ့ပါသည်။

     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် စစ်ရေးပြကွင်းသို့ရောက်ရှိ၍ စစ်ကြောင်းကြီးများမှ တပ်မတော်သားများနှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ အလေးပြုခြင်းကိုခံယူကာ စစ်ရေးပြစစ်ကြောင်းကြီးများအား လိုက်လံစစ်ဆေးခဲ့ပြီးနောက် မိန့်ခွန်းပြောကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် အား -

  • စစ်ရေးပြမှူးကြီး ဗိုလ်ချုပ်သိန်းဇော် ဦးဆောင်သော စစ်ကြောင်းကြီးများမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အစီအစဉ်အတိုင်း စစ်ကြောင်း ပုံဖြင့် ညီညာစွာ ချီတက်အလေးပြုကြပြီး စစ်ရေးပြကွင်းကြီးအတွင်းမှ ပြန်လည် ထွက်ခွာခဲ့။
  • ထိုသို့ ချီတက်အလေးပြုချိန်တွင် တပ်မတော်(လေ)မှ လေယာဉ် ၃ စင်းက (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် 79 Logo Formation ပုံစံအား မီးအလှများတပ်ဆင်၍လည်းကောင်း၊ ရဟတ်ယာဉ် ၆ စင်းက Trail Formation ဖြင့်လည်းကောင်း၊ နောက်ထပ် ရဟတ်ယာဉ် ၆ စင်းက Echelon Formation ဖြင့် လည်းကောင်း၊ သယ်ယူပို့ဆောင်ရေး လေယာဉ်နှစ်စင်းတို့က လည်းကောင်း။
  • Su-30 SME စတုတ္ထမျိုးဆက်လွန်ဘက်စုံသုံး အကြီးစားတိုက်လေယာဉ် နှစ်စင်း နှင့် MiG-29 ဘက်စုံသုံး တိုက်လေယာဉ်တစ်စင်းတို့က အုပ်ဖွဲ့ ပျံသန်းခြင်းပုံစံဖြင့် လည်းကောင်း၊ မီးကျည်များ ထုတ်လွှတ်၍လည်းကောင်း အသီးသီးသရုပ်ပြ ပျံသန်း ကြပြီး အလေးပြုခဲ့။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် တက် ရောက်လာကြသည့် ဧည့်သည်တော်ကြီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကာ စစ်ရေးပြ ကွင်းကြီးမှ ပြန်လည်ထွက်ခွာခဲ့ပြီး ၂၀၂၄ ခုနှစ်၊ (၇၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

ယခုနှစ်တွင် အခြားနှစ်များနှင့်မတူဘဲ စစ်ကြောင်းကြီးများ ချီတက်ရာလမ်းကြောင်း တစ်လျှောက်နှင့် စစ်ရေးပြအခမ်းအနား ကျင်းပပြုလုပ်ရာ စစ်ရေးပြကွင်းတွင် စစ်ကြောင်း များ၏ ကိုယ်စားပြုအရောင်အလှမီးများ၊ မီးဆိုင်းများ၊ မိုးစက်မီးများ၊ ရောင်စုံအလှမီး များ၊ Lighting Effect မီးအလှများ၊ Handmade အလှမီးများဖြင့် လည်းကောင်း ဆင်ယင်ထားပြီး မင်းကြီးသုံးပါး ရုပ်တုအောက်ခံ၌ တပ်မတော်အလံပုံဖော်ထားသည့် ကြယ်တံဆိပ်နှစ်ခုအား LED Strip Light များဖြင့်လည်းကောင်း အသီးသီးပုံဖော် အလှဆင်ထားသည်ကို တွေ့မြင်ခဲ့ရပါသည်။

အဆိုပါ (၇၉)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ရဲဘော်သုံးကျိပ်ဝင် မိသားစု ဝင်များ၊ အငြိမ်းစားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ မိသားစုဝင်များ၊ နိုင်ငံခြား စစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ အနုပညာရှင်များ၊ သတင်းမီဒီယာ ကောင်စီ၊ ရုပ်ရှင်သဘင်ဂီတ အစည်းအရုံးနှင့် သေနင်္ဂဗျူဟာလေ့လာရေးအဖွဲ့တို့မှ တာဝန် ရှိသူများ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြည်တွင်း၊ ပြည်ပ သတင်း မီဒီယာများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၃-၂၀၂၄)

  • (၇၉) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို မတ်လ ၂၇ ရက် ည ပိုင်းတွင် နေပြည်တော်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်တက်ရောက်မိန့်ခွန်း ပြောကြားခဲ့။
  • စစ်ရေးပြတပ်ခွဲများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ်၊ တပ်မတော်အရာရှိကြီးများ၏ ဇနီးများ၊ အရာရှိ၊ စစ်သည် မိသားစုများ၊ ရုပ်ရှင်ဂီတအနုပညာရှင်များနှင့် ဒေသခံပြည်သူများက ဂုဏ်ပြုပန်း ကုံးများစွပ်၍ ကြိုဆိုခဲ့။

Add new comment