(၇၉)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိသော စစ်ရေးပြ တပ်ခွဲများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

(၇၉)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိကြသော စစ်ရေးပြတပ်ခွဲများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို မတ်လ ၂၇ ရက်တွင် နေပြည်တော်ရှိ စုရပ်သစ်တပ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်-

  • တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း က ဂုဏ်ပြုဆု များရရှိကြသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)အထူးတပ်ဖွဲ့စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အထူးတာဝန်တပ်ဖွဲ့ (အမျိုးသမီး) စစ်ရေးပြ တပ်ခွဲ၊ ဗဟိုစစ်တီးဝိုင်းအဖွဲ့၊ လေအိတ်ပလွေတီးဝိုင်းအဖွဲ့၊ (အမျိုးသမီး) အလံအဖွဲ့၊ မြင်းစီးစစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတီးဝိုင်းအဖွဲ့၊ စစ်တီးဝိုင်းအဖွဲ့ အကောင်းဆုံးဆု၊ အလံအဖွဲ့ အကောင်းဆုံးဆု၊ တတိယဆုရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြဂုဏ်ပြုတပ်ခွဲ၊ အကောင်းဆုံး စခန်း တတိယဆုရရှိသည့် ထောက်ပံ့နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်ချီသီချင်း အကောင်းဆုံး တတိယဆုရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုစစ်ရေး ပြတပ်ခွဲ(၃)၊ စစ်စည်းကမ်းအကောင်းဆုံး တတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြုစစ်ရေး ပြတပ်ခွဲ (၂)၊ စစ်ရေးပြအကောင်းဆုံး တတိယဆုရရှိသည့် ဆေးဝန်ထမ်းညွှန်ကြားရေး မှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲတို့အားလည်းကောင်း။
  • စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး က မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသမီး) တပ်ခွဲ ဒုတိယဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု(အမျိုးသမီး) စစ်ရေး ပြတပ်ခွဲ(၂)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့(အမျိုးသား)တပ်ခွဲ ဒုတိယဆုရရှိသည့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု(အမျိုးသား) စစ်ရေးပြတပ်ခွဲ(၃)၊ ဒုတိယဆုရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြု(အမျိုးသမီး) စစ်ရေးပြတပ်ခွဲ အကောင်း ဆုံးစခန်း ဒုတိယဆုရရှိသည့် လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ စစ်ချီသီချင်း အကောင်းဆုံးဒုတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်ရေးပြဂုဏ်ပြုတပ်ခွဲ၊ စစ်စည်းကမ်း အကောင်းဆုံး ဒုတိယဆုရရှိသည့် စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး ကိုယ်စား ပြုစစ်ရေးပြတပ်ခွဲ၊ စစ်ရေးပြအကောင်းဆုံး ဒုတိယဆုရရှိသည့် ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ပထမဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု(အမျိုးသမီး) စစ်ရေးပြဂုဏ်ပြုတပ်ခွဲနှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု(အမျိုးသား) စစ်ရေးပြတပ်ခွဲ(၄)၊ ပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု(အမျိုးသမီး) စစ်ရေးပြတပ်ခွဲ၊ အကောင်း ဆုံးစခန်း ပထမဆုရရှိသည့် ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်ချီသီချင်း အကောင်းဆုံး ပထမဆုရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြု စစ်ရေးပြဂုဏ်ပြုတပ်ခွဲ၊  စစ်စည်းကမ်းအကောင်းဆုံး ပထမဆုရရှိသည့် လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့အရာရှိချုပ်ရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်ရေးပြအကောင်းဆုံး ပထမဆုရရှိသည့် သံချပ်ကာယန္တရား တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲတို့အားလည်းကောင်း။
  • ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး က ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) အုပ်ဖွဲ့ပျံသန်းအဖွဲ့ ဂုဏ်ပြုဆုရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ)အုပ်ဖွဲ့ပျံသန်းအဖွဲ့၊ စံပြတပ်ခွဲ တတိယဆုရရှိသည့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြဂုဏ်ပြုတပ်ခွဲ၊ စံပြတပ်ခွဲ ဒုတိယဆု ရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၁)၊ စံပြ တပ်ခွဲ ပထမဆုရရှိသည့် အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေး ပြဂုဏ်ပြုတပ်ခွဲများအားလည်းကောင်း ဒိုင်းဆုနှင့် ဂုဏ်ပြုဆုငွေများအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး က ဂုဏ်ပြုအမှာစကားပြောကြားပြီး ဆုချီးမြှင့်ပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၃-၂၀၂၄)

  • (၇၉)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိသော စစ်ရေး ပြတပ်ခွဲများအား ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး တို့က ဒိုင်းဆုနှင့် ဂုဏ်ပြုဆုငွေများအား ပေးအပ် ချီးမြှင့်ခဲ့။

Add new comment