(၇၉)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုအခမ်းအနားများသို့ တက်ရောက်လာကြသည့် စစ်သံမှူးများနှင့် တာဝန်ရှိသူများ သူရဲကောင်းဗိမာန်(နေပြည်တော်)သို့ သွားရောက် ဂုဏ်ပြုပန်းခြင်းချအလေးပြု

 (၇၉)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုအခမ်းအနားများသို့ တက်ရောက်ရန် ရောက်ရှိနေသည့် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများသည် မတ်လ ၂၇ ရက်တွင် သူရဲကောင်းဗိမာန် (နေပြည်တော်)သို့ သွားရောက်၍ ဂုဏ်ပြုပန်းခြင်းချပြီး သူရဲကောင်းစစ်သည်များအား အလေးပြုကြ ပါသည်။

မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားစစ်သံမှူးများကိုယ်စား အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံစစ်သံမှူးက ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး ဗိမာန်အတွင်း လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၃-၂၀၂၄)

  • (၇၉)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုအခမ်းအနားများသို့ တက်ရောက်ရန် ရောက်ရှိနေသည့် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများသည် သူရဲကောင်းဗိမာန် (နေပြည်တော်)သို့ သွားရောက်၍ ဂုဏ်ပြုပန်းခြင်းချပြီး သူရဲကောင်းစစ်သည်များအား အလေးပြုခဲ့။

Add new comment