ဒုတိယတပ်မ တော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး (၇၉)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ကြသည့် လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ်များအား ဂါရဝပြုတွေ့ဆုံ

 (၇၉)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ကြသည့် လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ် ဒုတိယအဆင့် ၂ ဦး နှင့် တတိယအဆင့် ၂ ဦး စုစု ပေါင်း ၄ ဦးတို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီးတို့က မတ်လ ၂၇ ရက်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ဂါရဝပြုတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများက  လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ်များအား အားဖြည့်ငှက်သိုက်များနှင့် ဂါရဝပြုချီးမြှင့် ငွေများကို ကိုယ်တိုင်ကိုယ်ကျဂါရဝပြုပေးအပ်ခဲ့ပြီး လက်ဘက်ရည်နှင့် စားသောက် ဖွယ်ရာများအား အတူတကွသုံးဆောင်ခဲ့ကြပါသည်။

အခမ်းအနားသို့ တက်ရောက်လာကြသည့် လွတ်လပ်ရေးမော်ကွန်းဝင် တတိယအဆင့် ဦးမောင်မောင် သည် အသက် ၁၀၁ နှစ်၊ ဒုတိယအဆင့် ဦးကျော်စိန် သည် အသက် ၁၀၀ နှစ်၊ တတိယအဆင့် ဦးအေးသိန်း သည် အသက် ၉၆ နှစ်နှင့် ဒုတိယ အဆင့် ဦးဘချော သည် ၉၆ နှစ်များဖြစ်ကြပြီး ကျန်းမာသန်စွမ်းလျက်ရှိကြောင်းနှင့် ဂျပန်တော်လှန်ရေးဆောင်ရွက်ခဲ့မှုများကို ပြန်လည်ပြောပြရင်း ငယ်မူငယ်သွေးအပြည့်ဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ကိန်းအောင်းလျက်ရှိကြကြောင်း သိရှိရပါသည်။ 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၃-၂၀၂၄)

  • ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး တို့က (၇၉)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်ကြသည့်​​​​​​​ လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ် ၄ ဦး အား အားဖြည့်ငှက်သိုက်များနှင့် ဂါရဝပြုချီးမြှင့် ငွေများကို ကိုယ်တိုင်ကိုယ်ကျ ဂါရဝပြုပေးအပ်ခဲ့။

Add new comment