နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စွမ်းရည်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် များ ချီးမြှင့်ပေးအပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ခေတ်မီတပ်မတော်တည်ဆောက်နိုင် ရန် နိုင်ငံတကာစစ်ဘက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များတွင် စွမ်းစွမ်းတမံဆောင် ရွက်ခဲ့ကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ပုဂ္ဂိုလ်များ၊ တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းအမိန့်များအား ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက် (၇၉) နှစ်မြောက် တပ်မတော်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

            ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့် ကြော်ငြာစာအမှတ် ၆၃/၂၀၂၄ နှင့် ၆၄ /၂၀၂၄ တို့အရ-

  • နိုင်ငံတကာစစ်ဘက်ပူးပေါင်းဆောင်ရွက်မှုတံဆိပ် သီရိသီဟကျော်တံဆိပ် ရုရှား ဖက်ဒရေးရှင်းနိုင်ငံမှ ပုဂ္ဂိုလ် ၁၅ ဦး။
  • နိုင်ငံတကာစစ်ဘက်ပူးပေါင်းဆောင်ရွက်မှုတံဆိပ် သီရိသူရကျော်တံဆိပ် ရုရှား ဖက်ဒရေးရှင်းနိုင်ငံမှ ပုဂ္ဂိုလ် ၁၂ ဦး။
  • တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့ သူရဘွဲ့ ၃ ဦး။
  • တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ် သူရဲကောင်းမှတ်တမ်း ဝင်တံဆိပ် ၄ ဦး။
  • မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်များ ရဲသူရတံဆိပ် ဦး၊ ရဲဗလတံဆိပ် ၄၀ ဦးတို့အား ဂုဏ်ထူးဆောင်ဘွဲများ၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်ခဲ့ပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၃-၂၀၂၄)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မတ်လ ၂၇ ရက်နေ့ (၇၉) နှစ်မြောက် တပ်မတော်နေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ပုဂ္ဂိုလ် ၂၇ ဦး၊ တပ်မတော်မှ အရာရှိ၊ စစ်သည် ၇ ဦး၊ ရဲမေ ၁၀ ဦး၊ မှီခိုသူ ၁ ဦး ပေါင်း ၁၁ ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၆ ဦး၊ အရပ်သား ၂၄ ဦးတို့အား စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူး ဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့။

Add new comment