(၇၉) နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် အနုပညာရှင်များနှင့် စာပေပညာရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

(၇၉) နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းဖြစ်သည့် တွဲလက်တူစုံ ချစ်ရိပ်မြုံ ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့ကြသည့် အနုပညာရှင်များနှင့် ဂုဏ်ပြု စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့်ဝတ္ထုစာမူဆုရရှိသူ စာပေပညာရှင်များ အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပွဲကို မတ်လ ၂၆ ရက်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ရာ-

  • စိတ်ဓာတ်ရေးရာနှင့် လူထုဆက်ဆံရေးကော်မတီဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးစိုးမင်းဦးက “တွဲလက်တူစုံ ချစ်ရိပ်မြုံ” ဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် သရုပ်ဆောင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း၊
  • တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ်ကြီးထိန်ဝင်းက (၇၉) နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြု စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့်ဝတ္ထုစာမူပြိုင်ပွဲတွင် စစ်ချီသီချင်းနှင့် စစ်သည်တေးသီချင်းဆုရရှိသူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ကိုလည်းကောင်း။
  • တပ်မတော်နေ့ကျင်းပရေးစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်က (၇၉) နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူပြိုင်ပွဲတွင် ကဗျာ ဝါသနာရှင်အဆင့်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြု မှတ်တမ်းလွှာ များကိုလည်းကောင်း။
  • စာမူပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင် ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဂုဏ်ပြု ဝတ္ထုတိုပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပါသည်။

အခမ်းအနားသို့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြပြီး အခမ်းအနားအပြီးတွင် ဗိုလ်ချုပ်ကြီးမောင်မောင်အေးက တက်ရောက်လာ ကြသူများအား လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အဖွဲ့ဝင်များနှင့်အတူ ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၃-၂၀၂၄)

  • (၇၉) နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းဖြစ်သည့် “တွဲလက်တူစုံ ချစ်ရိပ်မြုံ” ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့ကြသည့် အနုပညာရှင်များနှင့် ဂုဏ်ပြုစစ်ချီ သီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့်ဝတ္ထုစာမူဆုရရှိသူ စာပေပညာရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့။   

Add new comment